မနေ့က (၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်) ထိုင်းအွန်လိုင်းပေါ်တွင် ပါထမ်ထာနီခရိုင် ရှိ ချောက်ဖယားမြစ်အနီးမှ လုံးဝဝိုင်းစက်နေသည့် ထူးဆန်းသော စက်ဝိုင်းပုံ ကျွန်းမျှောကြီး၏ ဝေဟင်ဗီဒီယိုဖိုင်ကြောင့် လူစိတ်ဝင်စားမှု အလွန်မြင့်တက်နေပါတယ်ဗျာ။ ၎င်းကို အာဂျင်တီးနားရှိ နာမည်ကြီးကျွန်းကို အစွဲပြု၍ “ထိုင်းနိုင်ငံ၏ မျက်လုံး (The Eye of Thailand)” ဟု တင်စားခေါ်ဆိုနေကြသည်။
ထိုင်းအာကာသနည်းပညာအေဂျင်စီ (GISTDA) နှင့် ပညာရှင်များ၏ ကနဦးသုံးသပ်ချက်အရ ၎င်းသည် ရေပေါ်အပင်များ (Aquatic vegetation) စုစည်းနေခြင်းဖြစ်ပြီး၊ လေနှင့်ရေစီးကြောင်းကြောင့် တဖြည်းဖြည်း လည်ပတ်လှည့်ပတ်ရာမှ သဘာဝအတိုင်း ဝိုင်းစက်နေသည့် “လည်ပတ်နေသော ကျွန်းမျှော (Rotating floating island)” ဖြစ်သည်။
ဒေသခံများ၏ ပြောပြချက်အရ အဆိုပါနေရာမှာ လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကတည်းက ပစ်ထားသည့် ပုဂ္ဂလိကပိုင်မြေဖြစ်ပြီး၊ ယခင်က မြေကြီးများတူးဖော်ခဲ့ဖူးသဖြင့် တွင်းကြီးဖြစ်ကျန်ခဲ့ရာမှ ရေအိုင်ကာ ယခုကဲ့သို့ ရေပေါ်ပင်များ စုစည်းပြီး ကျွန်းဖြစ်လာခြင်း ဖြစ်သည်။
လက်ရှိတွင် ဤနေရာကို ဖာသမ်ထာနီခရိုင်၏ Landmark အသစ်တစ်ခုအဖြစ် ထိန်းသိမ်းစောင့်ရှောက်ရန် ခရိုင်အုပ်ချုပ်ရေးမှူးထံ တင်ပြထားပါတယ်။
Source;Khaosod
