ယနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်) တနင်္လာနေ့ ဈေးကွက်ဖွင့်လှစ်ချိန်တွင် ထိုင်းနိုင်ငံ၏ ပြည်တွင်းရွှေဈေးနှုန်းများ အရှိန်အဟုန်ဖြင့် ထိုးတက်သွားခဲ့ပြီး၊ ရွှေတုံးရောင်းဈေးမှာ တစ်ကျပ်သားလျှင် ၁,၁၀၀ ဘတ် (Bt1,100) ချက်ချင်းမြင့်တက်ကာ ၆၆,၆၀၀ ဘတ် အထိ ရောက်ရှိသွားကြောင်း ထိုင်းရွှေလုပ်ငန်းရှင်များအသင်း (Gold Traders Association) က ပထမအကြိမ် ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့သည့် အပတ်က ထိုင်းရွှေစျေးသည် စုစုပေါင်း ဘတ် ၂,၀၀၀ ခန့်အထိ အကြီးအကျယ် ကျဆင်းခဲ့သော်လည်း၊ ယနေ့နံနက် ၉:၀၃ နာရီ ထုတ်ပြန်ချက်အရ ဈေးနှုန်းများ ပြန်လည်ဦးမော့ကာ စံချိန်သစ်တင်ခဲ့ခြင်း ဖြစ်သည်။
📊 ထိုင်းပြည်တွင်းရွှေဈေးနှုန်းများ (၉၆.၅% သန့်စင်မှု)
၁။ ယနေ့ တနင်္လာနေ့ (ဇွန်လ ၁၅ ရက်) ပထမအကြိမ် ထုတ်ပြန်ချက်:
▪️ရွှေတုံး (Gold Bars): ရောင်းဈေး ၆၆,၆၀၀ ဘတ် | ဝယ်ဈေး ၆၆,၄၀၀ ဘတ်
▪️ရွှေထည်လက်ဝတ်ရတနာ (Gold Ornaments): ရောင်းဈေး ၆၇,၄၀၀ ဘတ် | အခွန်အခြေခံဝယ်ဈေး ၆၅,၀၆၆.၇၂ ဘတ်
၂။ နှိုင်းယှဉ်ချက် (ဇွန်လ ၁၃ ရက်၊ စနေနေ့ စျေးနှုန်း):
▪️ရွှေတုံး (Gold Bars): ရောင်းဈေး ၆၅,၅၀၀ ဘတ် | ဝယ်ဈေး ၆၅,၃၀၀ ဘတ် (စနေနေ့ကထက် ရွှေတုံး တစ်ကျပ်သားလျှင် ၁,၁၀၀ ဘတ် တိတိ မြင့်တက်လာခြင်းဖြစ်သည်)
ကမ္ဘာ့ရွှေဒီဇိုင်းစပေါ့စျေး (Spot Gold) သည် ပြီးခဲ့သည့်အပတ်က တစ်အောင်စလျှင် ၄,၂၁၈ ဒေါ်လာဝန်းကျင်ဖြင့် ပိတ်ခဲ့သော်လည်း၊ ယနေ့နံနက်တွင် တစ်အောင်စလျှင် ၄,၃၂၃ ဒေါ်လာ ဝန်းကျင်အထိ သိသိသာသာ ပြန်လည်ထိုးတက်လာခဲ့သည်။ ဟောင်ကောင်ရွှေစျေးကွက်တွင်လည်း ယနေ့နံနက်၌ ၇၄၀ ဟောင်ကောင်ဒေါ်လာ မြင့်တက်ကာ ၄၀,၁၂၀ ဝန်းကျင်ဖြင့် စျေးပွင့်ခဲ့သည်။
အမေရိကန်နှင့် အီရန်တို့အကြား အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်မည့် ကနဦးငြိမ်းချမ်းရေး သဘောတူညီချက် ရရှိခဲ့ပြီးနောက်၊ ကမ္ဘာ့ရေနံစိမ်းစျေးနှုန်းများ ကျဆင်းသွားပြီး အမေရိကန်ဒေါ်လာ တန်ဖိုးပါ အားနည်းသွားခြင်းက ရွှေစျေးနှုန်းကို ၂% ခန့် ရုတ်တရက် ထိုးတက်စေရန် တွန်းအားပေးခဲ့သည်။
သို့သော်လည်း ရေနံစျေးကျဆင်းသွားသော်လည်း ငွေကြေးဖောင်းပွမှုမှာ ဆက်ရှိနေဦးမည်ဆိုသည့် စိုးရိမ်စိတ်များကြောင့် အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းကို ရေရှည်မြင့်မားစွာ ဆက်ထားနိုင်ခြေရှိရာ၊ အတိုးမရသည့် ရွှေစျေးကွက်၏ အတက်ဘက်ပြေးနှုန်းကို အတိုင်းအတာတစ်ခုအထိ ပြန်လည်ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။
Source;The Nation
