ယနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်) ထိုင်းနိုင်ငံ ရွှေကုန်သည်များအသင်း (Gold Traders Association) ၏ ညနေ ၅:၀၆ နာရီ ဈေးပိတ်သိမ်းမှု ထုတ်ပြန်ချက်အရ ထိုင်းရွှေဈေးကွက်သည် တစ်ရက်တာအတွင်း ဈေးနှုန်းအပြောင်းအလဲ ၃၁ ကြိမ် အထိ လှုပ်ခတ်ခဲ့ပြီး၊ မနေ့ကထက် တစ်ဘတ်သားလျှင် ထိုင်းဘတ် ၁,၅၅၀ အထိ ပြင်းပြင်းထန်ထန် ပြန်လည်ကျဆင်းသွားပါတယ်။
💰 ၉၆.၅% သန့်စင်မှုရှိသော ထိုင်းရွှေ နောက်ဆုံးပေါက်ဈေး
အထူးသတ်မှတ်ချက် (ရွှေတုံး/အပြင်ရွှေ)
▪️ရွှေတုံး (Gold Bars): ဝယ်ဈေး ၆၄,၅၅၀ ဘတ် | အရောင်းဈေး ၆၄,၇၅၀ ဘတ်
▪️ရွှေထည်လက်ဝတ်ရတနာ (Gold Jewelry): ဝယ်ဈေး ၆၃,၂၆၂.၆၈ ဘတ် | အရောင်းဈေး ၆၅,၅၅၀ ဘတ်
⚖️ ရွှေထည်အလေးချိန်အလိုက် လက်ရှိရောင်းဈေးများ (လက်ခ အကြမ်းဖျင်းတွက်ချက်ပြီး)
(မှတ်ချက် – ဤဈေးနှုန်းများသည် အကြမ်းဖျင်းခန့်မှန်းချက်သာဖြစ်ပြီး ဆိုင်အလိုက် လက်ခကွာခြားမှု ရှိနိုင်ပါသည်)
▪️ရွှေထည် ခွဲဆ (Half Salueng): ၈,၈၉၃.၇၅ ဘတ်
▪️ရွှေထည် (1 Salueng): ၁၆,၉၈၇.၅၀ ဘတ်
▪️ရွှေထည်(ရွှေငါးမူး): ၃၃,၁၇၅ ဘတ်
▪️ရွှေထည် ၁ ဘတ်သား (1 Baht): ၆၅,၅၅၀ ဘတ်
▪️ရွှေထည် ၂ ဘတ်သား (2 Baht): ၁၃၁,၁၀၀ ဘတ်
▪️ရွှေထည် ၅ ဘတ်သား (5 Baht): ၃၂၇,၇၅၀ ဘတ်
Source;Thairath
