ထိုင်းနိုင်ငံမှာ ဆေးအတုပုလင်းပေါင်း ၁ သိန်းကျော် မိ- ရဲချုပ်သစ်နဲ့ FDA ပူးပေါင်းစီးနင်း

ထိုင်းနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ရဲဗိုလ်ချုပ်ကြီး နတ်သဆတ် ချောင်ဝါနာချိုင်း ၏ ၏ ပြောကြားချက်အရ ရဲတပ်ဖွဲ့သည် ထိုင်းအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) နှင့် ပူးပေါင်းကာ လူငယ်များနှင့် အန္တရာယ်ရှိနိုင်ခြေရှိသောအုပ်စုများအကြား ချောင်းဆိုးပျောက်ဆေးရည်နှင့် ဘာမီတွန် (Antihistamine) ဆေးဝါးများကို တရားမဝင်ရောင်းချမှု၊ အလွဲသုံးစွဲမှုများကို စုံစမ်းစစ်ဆေးခဲ့ပြီးနောက် အတုအယောင် ချောင်းဆိုးပျောက်ဆေးရည် ပုလင်းပေါင်း ၁၃၀,၀၀၀ ကျော် ကို အောင်မြင်စွာ ဝင်ရောက်စီးနင်း သိမ်းဆည်းရမိခဲ့ပါတယ်။

ရဲဗိုလ်ချုပ်ကြီး နတ်သဆတ် က ဤကဲ့သို့ သတိပေးပြောကြားထားသည်။ အဆိုပါဆေးဝါးများသည် ဖျားနာမှုကို ကုသရန်အတွက်သာ ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ပြီး အတုအယောင် ထုတ်ကုန်များကို သုံးစွဲမိပါက ကုသမှုမထိရောက်သည့်အပြင် ဝေဒနာကို ပိုမိုဆိုးရွားစေနိုင်သည်။ဆေးဝါးအတုများတွင် ပါဝင်သည့် ဓာတုပစ္စည်းများကြောင့် အသက်အန္တရာယ်အထိ စိုးရိမ်ရသည်။

ဆေးဝါးများ ဘေးအန္တရာယ်ကင်းရှင်းပြီး စံချိန်စံညွှန်းပြည့်မီစေရန်အတွက် စနစ်တကျ လိုင်စင်ရယူထားခြင်း ရှိ၊ မရှိကို အာဏာပိုင်များက အလေးထားစစ်ဆေးနေသည်။

ဆေးဝါးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပြည်သူ့ကျန်းမာရေးစံနှုန်းများကို ထိန်းသိမ်းရန်အတွက် အစိုးရနှင့် ရဲတပ်ဖွဲ့က တရားမဝင်ဆေးဝါးရောင်းချသည့် ဂိုဏ်းများကို ဆက်လက်နှိမ်နင်းသွားမည် ဖြစ်ပါတယ်။

Source;khaosod