ထိုင်းနိုင်ငံ၊ ရနောင်း (Ranong) ပြည်နယ်တွင် အစိုးရဝန်ထမ်းအား လာဘ်ထိုးရန် ကြိုးပမ်းခြင်းနှင့် စာရွက်စာတမ်းအတုများဖြင့် အိမ်ထောင်စုစာရင်း (တဗီယန်ဘန်) အတွင်း လိမ်လည်အမည်သွင်းခြင်းတို့ကြောင့် ဝရမ်းထုတ်ခံထားရသည့် အသက် ၂၇ နှစ်အရွယ် မှတ်ပုံတင်မဲ့ အမျိုးသားတစ်ဦးကို ဇူလိုင်လ ၁ ရက် ညနေပိုင်းက ဖမ်းဆီးရမိခဲ့ပါတယ်။
ရနောင်းလဝကရဲတပ်ဖွဲ့နှင့် အမှတ် ၈ စုံစမ်းစစ်ဆေးရေးအဖွဲ့တို့ ပူးပေါင်းပြီး ရနောင်းမြို့၊ ဘန်ရင်မြို့နယ်ရှိ နေအိမ်တစ်အိမ်ရှေ့တွင် သုရတ်ထာနီတရားရုံး ဖမ်းဝရမ်းဖြင့် သွားရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
တရားခံသည် ထိုင်းနိုင်ငံသားမဟုတ်သည့်အပြင် မှတ်ပုံတင်မဲ့သူဖြစ်ပြီး အောက်ပါပြစ်မှု ၄ ချက်ဖြင့် အရေးယူခံထားရသည်။
1.အစိုးရဝန်ထမ်းအား ဥပဒေနှင့်မညီဘဲ တာဝန်ပျက်ကွက်စေရန် လာဘ်ထိုးရန် ကြိုးပမ်းခြင်း။
2.အစိုးရဝန်ထမ်းထံ မမှန်ကန်သော အချက်အလက်များ လိမ်လည်ထွက်ဆိုခြင်း။
3.အစိုးရတရားဝင်စာရွက်စာတမ်းများတွင် အချက်အလက်အတုများ ဖြည့်စွက်ခိုင်းခြင်း။
4.ထိုင်းနိုင်ငံသားမဟုတ်ဘဲ အထောက်အထားအတုများ သုံးစွဲပြီး အိမ်ထောင်စုစာရင်းတွင် မတရားအမည်ပေါက်ရန် လုပ်ဆောင်ခြင်း။
လက်ရှိတွင် တရားခံအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန် ဖြစ်စဉ်အစပြုခဲ့ရာ သုရတ်ထာနီပြည်နယ်၊ ဒွန်ဆက် (Don Sak) ရဲစခန်းသို့ လွှဲပြောင်းထိန်းသိမ်း စစ်ဆေးနေပါတယ်။
Source;ตรวจคนเข้าเมืองจังหวัดระนอง ตม.จว.ระนอง
#RanongImmigration2026 #IdentityFraudThailand #SuratThaniWarrant
