Taylor Swift and Travis Kelceတို့ တိတ်တဆိတ် လက်ထပ်ခဲ့ကြကြောင်း NY Post ဖော်ပြ

ကမ္ဘာကျော် ပေါ့ပ်အဆိုတော် Taylor Swift နှင့် အမေရိကန်ဘောလုံးသမား Travis Kelce တို့သည် နယူးယောက်မြို့ရှိ Madison Square Garden တွင် ကျင်းပရန် စီစဉ်ထားသည့် မင်္ဂလာပွဲမတိုင်မီ သီးသန့်တိတ်တဆိတ် လက်ထပ်ထိမ်းမြားခဲ့ကြကြောင်း New York Post ၏ Page Six က အမည်မဖော်ပြလိုသည့် သတင်းမြစ်များစွာကို ကိုးကား၍ ကြာသပတေးနေ့တွင် သတင်းထုတ်ပြန်လိုက်ပါတယ်။

သတင်းများအရ ၎င်းတို့စုံတွဲသည် မင်္ဂလာဧည့်ခံပွဲအကြိုအဖြစ် လူသိရှင်ကြားမလုပ်ဘဲ သီးသန့်ပုဂ္ဂလိကအခမ်းအနားဖြင့် အရင်ဆုံး လက်ထပ်ခဲ့ကြခြင်းဖြစ်သည်။

ယခုသတင်းနှင့်ပတ်သက်ပြီး တေလာဆွစ်ဖ်၏ ကိုယ်စားလှယ်အဖွဲ့ထံ သတင်းဌာနများက ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ရှိအချိန်အထိ တစ်စုံတစ်ရာ ပြန်လည်တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။

Source;Bangkok Post