ကမ္ဘာကျော် ပေါ့ပ်အဆိုတော် Taylor Swift နှင့် အမေရိကန်ဘောလုံးသမား Travis Kelce တို့သည် နယူးယောက်မြို့ရှိ Madison Square Garden တွင် ကျင်းပရန် စီစဉ်ထားသည့် မင်္ဂလာပွဲမတိုင်မီ သီးသန့်တိတ်တဆိတ် လက်ထပ်ထိမ်းမြားခဲ့ကြကြောင်း New York Post ၏ Page Six က အမည်မဖော်ပြလိုသည့် သတင်းမြစ်များစွာကို ကိုးကား၍ ကြာသပတေးနေ့တွင် သတင်းထုတ်ပြန်လိုက်ပါတယ်။
သတင်းများအရ ၎င်းတို့စုံတွဲသည် မင်္ဂလာဧည့်ခံပွဲအကြိုအဖြစ် လူသိရှင်ကြားမလုပ်ဘဲ သီးသန့်ပုဂ္ဂလိကအခမ်းအနားဖြင့် အရင်ဆုံး လက်ထပ်ခဲ့ကြခြင်းဖြစ်သည်။
ယခုသတင်းနှင့်ပတ်သက်ပြီး တေလာဆွစ်ဖ်၏ ကိုယ်စားလှယ်အဖွဲ့ထံ သတင်းဌာနများက ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ရှိအချိန်အထိ တစ်စုံတစ်ရာ ပြန်လည်တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။
Source;Bangkok Post
