ထိုင်းနိုင်ငံတွင် အသက် ၁၁ နှစ်အရွယ် အထူးလိုအပ်ချက်ရှိ ကလေးငယ်တစ်ဦးသည် မိဘများ၏ ပစ်ကပ်ကားကို ခိုးယူမောင်းနှင်ရာမှ လမ်းပေါ်ရှိ သံဃာတော်များကို ဝင်တိုက်မိခဲ့ရာ သံဃာတော် ၃၄ ပါးအနက် အနည်းဆုံး ၁၀ ပါး ပျံလွန်တော်မူခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
ယခုလိုကြေကွဲဖွယ်မတော်တဆမှုတွင် ကလေးငယ်သည် မိဘများ၏ ကားကို ယူဆောင်မောင်းနှင်ရာမှ သံဃာတော်များကို တိုက်မိခဲ့ခြင်းဖြစ်ပြီး သံဃာတော် ၁၀ ပါး နေရာ၌ပင် ပျံလွန်တော်မူခဲ့ရခြင်းဖြစ်ပါသည်။
ထို့အပြင် ထိုင်းနိုင်ငံဥပဒေအရ အသက် ၁၂ နှစ်အောက် ကလေးငယ်များကို ရာဇဝတ်မှုဖြင့် ပြစ်ဒဏ်ချမှတ် စွဲချက်တင်၍မရပေ။
သို့သော် ယခုဖြစ်ရပ်ကြောင့် ကလေးငယ်များကို မိဘ အုပ်ထိန်းသူများအနေဖြင့် ဂရုတစိုက် စောင့်ကြည့်ထိန်းသိမ်းရန် ပျက်ကွက်မှုနှင့် ယခုကဲ့သို့ ကြေကွဲဖွယ်ရာ မတော်တဆမှုများ မဖြစ်ပွားစေရန် မိဘများတွင် မည်မျှအထိ တာဝန်ရှိသည်ဆိုသည့် မေးခွန်းများနှင့် ဝေဖန်မှုများ ပြင်းထန်စွာ ထွက်ပေါ်နေပါတယ်။
Source;The Nation
