ဇူလိုင် ၅ ရက်ကနေ ၁၁ ရက်အထိ မုတ်သုံလေပါးပြင် (Monsoon Trough) ဟာ မြန်မာနိုင်ငံ၊ လာအိုနိုင်ငံနဲ့ ဗီယက်နမ်အထက်ပိုင်းတို့ကို ဖြတ်သန်းတည်ရှိနေမှာဖြစ်ပြီး ကပ္ပလီပင်လယ်၊ ထိုင်းနိုင်ငံနဲ့ ထိုင်းပင်လယ်ကွေ့တို့မှာ အနောက်တောင်မုတ်သုံလေ အားကောင်းစွာ ဆက်လက်တိုက်ခတ်နေဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းအထက်ပိုင်းတို့မှာ နေရာကွက်၍ အလွန်မိုးကြီးနိုင် ပြီး ရက်သတ္တပတ်နှောင်းပိုင်း (ဇူလိုင် ၉ – ၁၁) တွင် ပင်လယ်ပြင်လှိုင်းလေ ပိုမိုအားကောင်းလာဖို့ ရှိပါတယ်။
🌧️ ခြုံငုံသုံးသပ်ချက်
▪️မိုးရွာသွန်းမှု အခြေအနေ: မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်သော်လည်း အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် မိုးရွာသွန်းမှု လျော့နည်းသွားမည်ဖြစ်ပါသည်။
▪️ပင်လယ်ပြင်အခြေအနေ (ဇူလိုင် ၆ – ၈): ကပ္ပလီပင်လယ်အထက်ပိုင်းတွင် လှိုင်းအမြင့် ၂ မီတာခန့်၊ ကပ္ပလီပင်လယ်အောက်ပိုင်းနှင့် ပင်လယ်ကွေ့တို့တွင် ၁ – ၂ မီတာခန့်ရှိပြီး မိုးထစ်ချုန်းရွာစဉ် ၂ မီတာထက် မြင့်တက်နိုင်ပါတယ်။
▪️ပင်လယ်ပြင်အခြေအနေ (ဇူလိုင် ၉ – ၁၁): လေပြင်းတိုက်ခတ်မှု ပိုမိုအားကောင်းလာပြီး ကပ္ပလီပင်လယ်အထက်ပိုင်းတွင် လှိုင်းအမြင့် ၂ – ၃ မီတာ (မိုးခြိမ်းရွာစဉ် ၃ မီတာထက်ကျော်လွန်) အထိလည်းကောင်း၊ ကပ္ပလီပင်လယ်အောက်ပိုင်းတွင် ၂ မီတာခန့် (မိုးခြိမ်းရွာစဉ် ၂ မီတာထက်ကျော်လွန်) အထိလည်းကောင်း လှိုင်းကြီးလာနိုင်ပါသည်။
📍 ဒေသအလိုက် ခန့်မှန်းချက်များ
၁။ မြောက်ပိုင်းဒေသ (Northern Region)
▪️တစ်ပတ်တာလုံး နေရာကျဲကျဲမှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းမှာဖြစ်ပြီး နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။
💥 အထူးသတိပြုရန်: ဒေသအနှံ့တွင် နေရာကွက်၍ အလွန်မိုးကြီးနိုင် တဲ့ အခြေအနေရှိပါတယ်။
💨 လေတိုက်နှုန်း: အနောက်တောင်ဘက်မှ တစ်နာရီလျှင် ၁0 – ၂၀ ကီလိုမီတာ။
🌡️ အပူချိန်: အနိမ့်ဆုံး ၂၃ – ၂၇°C၊ အမြင့်ဆုံး ၂၉ – ၃၄°C။
၂။ အရှေ့မြောက်ပိုင်းဒေသ (Northeastern Region)
▪️ဇူလိုင် ၅ – ၆ ရက်: ဒေသအထက်ပိုင်းတွင် နေရာကျဲကျဲမှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးခြင်းမှ အလွန်မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။
▪️ဇူလိုင် ၇ – ၈ ရက်: ဒေသအထက်ပိုင်းတွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီး၊ အလွန်မိုးကြီးနိုင်ပါသေးသည်။
▪️ဇူလိုင် ၉ – ၁၁ ရက်: မိုးအနည်းငယ်ပြန်ပါးသွားပြီး ဒေသအထက်ပိုင်းတွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာကာ နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။
💨 လေတိုက်နှုန်း: အနောက်တောင်ဘက်မှ တစ်နာရီလျှင် ၁၀ – ၂၅ ကီလိုမီတာ။
🌡️ အပူချိန်: အနိမ့်ဆုံး ၂၃ – ၂၆°C၊ အမြင့်ဆုံး ၂၉ – ၃၆°C။
၃။ အလယ်ပိုင်းဒေသ (Central Region)
▪️ဇူလိုင် ၁ – ၆ ရက်: နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။
▪️ဇူလိုင် ၇ – ၁၁ ရက်: မိုးရွာသွန်းမှု လျော့နည်းသွားပြီး နေရာကွက်ကျား မိုးထစ်ချုန်းရွာကာ နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။
💨 လေတိုက်နှုန်း: အနောက်တောင်ဘက်မှ တစ်နာရီလျှင် ၁၀ – ၂၅ ကီလိုမီတာ။
🌡️ အပူချိန်: အနိမ့်ဆုံး ၂၄ – ၂၇°C၊ အမြင့်ဆုံး ၃၂ – ၃၇°C။
၄။ အရှေ့ပိုင်းဒေသ (Eastern Region)
▪️ဇူလိုင် ၅ – ၆ ရက်: နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးခြင်းမှ အလွန်မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။
▪️ဇူလိုင် ၇ – ၁၁ ရက်: မိုးလျော့နည်းသွားပြီး နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာကာ နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။
💨 လေတိုက်နှုန်း: အနောက်တောင်လေ တစ်နာရီ ၂၀ – ၃၅ ကီလိုမီတာ။ လှိုင်းအမြင့် ၂ မီတာခန့် (မိုးခြိမ်းရွာစဉ် ၂ မီတာထက်ကျော်လွန်)။
🌡️ အပူချိန်: အနိမ့်ဆုံး ၂၄ – ၂၈°C၊ အမြင့်ဆုံး ၃၂ – ၃၆°C။
၅။ တောင်ပိုင်းဒေသ – အရှေ့ဘက်ကမ်းရိုးတန်း (Southern – East Coast)
▪️ဇူလိုင် ၆ – ၁၁ ရက်: မိုးသိသိသာသာ လျော့နည်းသွားပြီး နေရာကွက်ကျားသာ မိုးထစ်ချုန်းရွာပါမယ်။
💨 လေတိုက်နှုန်း: အနောက်တောင်လေ တစ်နာရီ ၂၀ – ၃၅ ကီလိုမီတာ။ လှိုင်းအမြင့် ၁ – ၂ မီတာ (ကမ်းလွန်နှင့် မိုးခြိမ်းရွာစဉ်တွင် ၂ မီတာခန့်အထိ ရှိနိုင်)။
🌡️ အပူချိန်: အနိမ့်ဆုံး ၂၃ – ၂၇°C၊ အမြင့်ဆုံး ၃၂ – ၃၇°C။
၆။ တောင်ပိုင်းဒေသ – အနောက်ဘက်ကမ်းရိုးတန်း (Southern – West Coast)
▪️ဇူလိုင် ၆ – ၁၁ ရက်: နေရာကွက်ကျားမှ နေရာကျဲကျဲသာ မိုးထစ်ချုန်းရွာပါမည်။
🌊 ဇူလိုင် ၆ – ၈ ရက်: Phuket မြောက်ပိုင်း: လှိုင်းအမြင့် ၂ မီတာခန့်။ Krabi တောင်ပိုင်း: လှိုင်းအမြင့် ၁ – ၂ မီတာ (မိုးခြိမ်းရွာစဉ် ၂ မီတာထက်ကျော်လွန်)။
🌊 ဇူလိုင် ၉ – ၁၁ ရက်: Phuket မြောက်ပိုင်း: အနောက်တောင်လေ တစ်နာရီ ၂၀ – ၄၀ ကီလိုမီတာ။ လှိုင်းအမြင့် ၂ – ၃ မီတာ (မိုးခြိမ်းရွာစဉ် ၃ မီတာထက်ကျော်လွန်)။ Krabi တောင်ပိုင်း: လှိုင်းအမြင့် ၂ မီတာခန့် (မိုးခြိမ်းရွာစဉ် ၂ မီတာထက်ကျော်လွန်)။
🌡️ အပူချိန်: အနိမ့်ဆုံး ၂၃ – ၂၇°C၊ အမြင့်ဆုံး ၃၁ – ၃၆°C။
၇။ ဘန်ကောက်နှင့် မဟာနဂရဒေသ (Bangkok Metropolitan)
▪️ဇူလိုင် ၅ – ၆ ရက်: နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါတယ်။
▪️ဇူလိုင် ၇ – ၁၁ ရက်: မိုးလျော့နည်းသွားပြီး နေရာကွက်ကျားမှ နေရာကျဲကျဲသာ မိုးထစ်ချုန်းရွာရန် ရှိပါတယ်။
💨 လေတိုက်နှုန်း: အနောက်တောင်ဘက်မှ တစ်နာရီလျှင် ၁၀ – ၂၅ ကီလိုမီတာ။
🌡️ အပူချိန်: အနိမ့်ဆုံး ၂၆ – ၂၈°C၊ အမြင့်ဆုံး ၃၃ – ၃၇°C။
⚠️ အထူးသတိပေးချက် (Caution)
၁။ လျှပ်တစ်ပြက်ရေကြီးခြင်းဘေး: မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ဒေသများတွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး မိုးရေချိန်စုဆောင်းလာမှုကြောင့် တောင်ခြေအနီးရှိ ရေလမ်းကြောင်းများနှင့် မြေနိမ့်ပိုင်းဒေသများတွင် လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် ရေလျှံခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ဒေသခံပြည်သူများ အထူးသတိပြု နေထိုင်ကြပါရန်။
၂။ ရေကြောင်းသတိပေးချက်: ပင်လယ်ကွေ့နှင့် ကပ္ပလီပင်လယ်အတွင်းရှိ ရေယာဉ်များအားလုံး တစ်ပတ်တာလုံး မိုးသက်လေပြင်းကျရာဇုန်များကို ရှောင်ရှားပြီး သတိပြုခုတ်မောင်းကြရန် နှိုးဆော်အပ်ပါသည်။
၃။ စက်လှေငယ်များအတွက်: ကပ္ပလီပင်လယ်အထက်ပိုင်းရှိ စက်လှေငယ်များအနေဖြင့် ဇူလိုင် ၉ ရက်မှ ၁၁ ရက်အတွင်း ကမ်းနား၌သာ အခြေပြုကြရန် (ကမ်းလွန်သို့ လုံးဝမထွက်ကြရန်) အထူးသတိပေး နှိုးဆော်အပ်ပါသည်။
#Mingalarnews #မိုးလေဝသ #WeatherUpdate #ဇူလိုင်လမိုးလေဝသ #မုတ်သုံလေသတိပေးချက် #မိုးကြီးခြင်း #ThaiWeather
