ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း၊ Roi Et ရှိ ကုန်လှောင်ရုံတစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ တန်ဖိုး ဘတ် ၁ သန်းကျော် ကာလတန်ဖိုးရှိသည့် အသင့်သောက် Starbucks ကော်ဖီအတု ၁၀၄ ဘူး၊ Starbucks ဖန်ခွက်အတု ၂၀ လုံး အပါအဝင် ကမ္ဘာ့အဆင့်မြင့် အမှတ်တံဆိပ် (Brand) အတုပေါင်း ၄၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်ဗျာ။
စီးပွားရေးပြစ်မှုနှိမ်နင်းရေးဌာနခွဲမှ ရဲတပ်ဖွဲ့ဝင်များနှင့် မူပိုင်ခွင့်ဦးစီးဌာနမှ တာဝန်ရှိသူများသည် မူပိုင်ခွင့်ချိုးဖောက်သည့် ကုန်ပစ္စည်းများ သိုလှောင်ထားကြောင်း သတင်းပေးချက်အရ ရွSelectedအက်မြို့နယ်အတွင်းရှိ အဆိုပါ ကုန်လှောင်ရုံကို ဝင်ရောက်ရှာဖွေခဲ့ခြင်း ဖြစ်သည်။
အသက် ၂၅ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦးက ၎င်းပစ္စည်းများအားလုံး၏ ပိုင်ရှင်ဖြစ်ကြောင်း ဝန်ခံခဲ့ပြီးနောက်၊ ရဲတပ်ဖွဲ့က သူမကို “ရောင်းချရန်အတွက် မူပိုင်ခွင့်တံဆိပ်တုပထားသော ကုန်ပစ္စည်းများ လက်ဝယ်ထားရှိမှု” ဖြင့် အမှုဖွင့် အရေးယူထားသည်။
ဖမ်းဆီးရမိသည့် Brand အတုများ (စုစုပေါင်း ၄၀၈ ခု):
▪️Starbucks အသင့်သောက်ကော်ဖီ (၁၀၄ ဘူး) နှင့် အအေးသောက်ခွက် (၂၀ လုံး)
▪️Chanel အိတ်အတု (၇၅ လုံး)
▪️Longchamp အိတ်အတု (၁၂၅ လုံး)
▪️Louis Vuitton အိတ်အတု (၈၀ လုံး)
▪️Rimowa ခရီးဆောင်အိတ်အတု (၄ လုံး)
တာဝန်ရှိသူများက ပြည်သူများအနေဖြင့် အွန်လိုင်း သို့မဟုတ် ပြင်ပဈေးကွက်တွင် ပုံမှန်ပေါက်ဈေးထက် ထူးထူးခြားခြား ဈေးနှုန်းအလွန်သက်သာနေသည့် Brand ပစ္စည်းများကို ဝယ်ယူရာတွင် အထူးသတိပြုကြရန် နှိုးဆော်ထားသည်။
အထူးသဖြင့် အိတ်များထက် အသင့်သောက်ကုန်ပစ္စည်းများနှင့် အစားအသောက်ထည့်သည့် ခွက်အတု (Food-contact items)များသည် စံချိန်စံညွှန်းမမီသည့် အရည်အသွေးနိမ့် ကုန်ကြမ်းများဖြင့် ပြုလုပ်ထားသောကြောင့် ရေရှည်တွင် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း အလေးအနက် သတိပေးထားပါတယ်။
Source;Khaosod
