ထိုင်းနိုင်ငံမှ ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေသည့် ရုရှားအမျိုးသားတစ်ဦး၏ ခရီးဆောင်အိတ်များအတွင်းမှ တရားမဝင် သယ်ဆောင်လာသည့် ဆေးခြောက်အပွင့်ခြောက်များနှင့် ဆေးခြောက်စေး (Cannabis Resin) အမြောက်အမြားကို အကောက်ခွန်အရာရှိများက ရှာဖွေတွေ့ရှိခဲ့သဖြင့် ဖူးခက်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးအရေးယူလိုက်ပါတယ်။
အသက် ၃၀ အရွယ် ရုရှားနိုင်ငံသား မစ္စတာ ဆာဂေး ဖြစ်သည်။ ၎င်းအား ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၈ ရက် တွင် ဖူးခက်လေဆိပ် နိုင်ငံတကာထွက်ခွာမည့် ဂိတ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
၎င်းသယ်ဆောင်လာသည့် အပြာရောင် BP WORLD ခရီးဆောင်အိတ် ၂ လုံးကို အကောက်ခွန်အဖွဲ့က စစ်ဆေးရာ အိတ်အတွင်း လေစုပ်စနစ်ဖြင့် ထုပ်ပိုးထားသည့် ဆေးခြောက်အပွင့်ခြောက် ၃၅ ထုပ် (အလေးချိန် ၁၁ ဒသမ ၄ ကီလိုဂရမ်) နှင့် ဆေးခြောက်စေး ၁၂ ထုပ် (အလေးချိန် ၆ ဒသမ ၂ ကီလိုဂရမ်) (စုစုပေါင်း ၁၇ ဒသမ ၆ ကီလိုဂရမ်) ကို ရှာဖွေတွေ့ရှိခဲ့သည်။
ကနဦးစစ်ဆေးမေးမြန်းချက်အရ တရားခံသည် အဆိုပါပစ္စည်းများအားလုံး ၎င်းပိုင်ဆိုင်ကြောင်း ဝန်ခံခဲ့သည်။ အာဏာပိုင်များက ၎င်းအား အကောက်ခွန်လုပ်ထုံးလုပ်နည်းများကို ကျော်လွန်၍ ကုန်ပစ္စည်းများအား ပြည်ပသို့ တရားမဝင် မှောင်ခိုတင်ပို့ရန် ကြိုးပမ်းမှုဖြင့် တရားစွဲဆိုထားပြီး ဆာကူး ရဲစခန်းသို့ လွှဲပြောင်းကာ ဥပဒေအရ ဆက်လက်အရေးယူထားသည်။
Source;The Nation
