ထိုင်းနိုင်ငံတွင် သတင်းပေးချက်အရ ဝင်စီးရာက ဆေးလိပ်အလိပ်ပေါင်း ၂၁၆,၀၀၀ နဲ့အတူ ထိုင်းစုံတွဲ ဝန်ခံချက်နဲ့ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ဖူးခက် ပြည်နယ်၊ Vichit ရပ်ကွက်ရှိ တိုက်ခန်းတစ်ခုတွင် ပြည်ပမှ တရားမဝင် မှောင်ခိုတင်သွင်းလာသည့် ဆေးလိပ်ပေါင်း ၂ သိန်းကျော် (၁၀,၈၀၀ ပါကင်) ကို သိုလှောင်ကာ ဖြန့်ဖြူးရောင်းချနေသည့် အသက် ၂၀ ကျော်အရွယ် ထိုင်းလင်မယားနှစ်ဦးကို ရဲတပ်ဖွဲ့က သတင်းပေးချက်အရ ဝင်ရောက်ဖမ်းဆီးလိုက်ပါတယ်။

စနေနေ့ညပိုင်းက အသက် ၂၇ နှစ်အရွယ် Somnuek နှင့် အသက် ၂၈ နှစ်အရွယ် Sophis တို့နှစ်ဦးသည် တိုက်ခန်းအပြင်ဘက်တွင် မှောင်ခိုဆေးလိပ် ၁၂၀ ပါကင် ထည့်ထားသည့် ကျောပိုးအိတ်တစ်လုံးနှင့်အတူ မသင်္ကာဖွယ် တွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့က ကနဦး ဖမ်းဆီးခဲ့သည်။

ထို့နောက် ၎င်းတို့ငှားရမ်းနေထိုင်သည့် အခန်းကို ဆက်လက်ဝင်ရောက်ရှာဖွေရာ စက္ကူကတ်ထူသေတ္တာများအတွင်း ဝှက်မ်းထားသည့် မှောင်ခိုဆေးလိပ် ၁၀,၆၈၀ ပါကင်ကို ထပ်မံတွေ့ရှိခဲ့သည်။

၎င်းဖြစ်စဉ်တွင် ရဲတပ်ဖွဲ့သည် စုစုပေါင်း ဆေးလိပ်ပါကင် ၁၀,၈၀၀ (ဆေးလိပ်အလိပ်ရေစုစုပေါင်း ၂၁၆,၀၀၀ လိပ်) ကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းနိုင်ခဲ့သည်။

အဆိုပါမောင်နှံသည် ၎င်းတို့အနေဖြင့် ပြည်ပနိုင်ငံမှ တရားမဝင်မှောင်ခိုဆေးလိပ်များကို ထိုင်းနိုင်ငံအတွင်းသို့ ခိုးထုတ်သယ်ဆောင်လာခဲ့ပြီး ပြန်လည်ဖြန့်ဖြူးရောင်းချရန် သိုလှောင်ထားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံ စစ်ဆေးစဉ်အတွင်း ဝန်ခံထွက်ဆိုခဲ့ကြသည်။ ရဲတပ်ဖွဲ့က ၎င်းတို့နှစ်ဦးကို အခွန်ရှောင်မှောင်ခိုပစ္စည်း လက်ဝယ်ထားရှိမှု၊ ဖြန့်ဖြူးမှုတို့ဖြင့် တရားဥပဒေအရ ပြတ်ပြတ်သားသား အရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

Source;Bangkok Post