မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ထွက်ခွာလာသည့် ဒုက္ခသည် ၅၀၀ ကျော် တင်ဆောင်လာသော စက်လှေနှစ်စင်းသည် မုန်တိုင်းထန်သော ကမ်းလွန်ပင်လယ်ပြင်တွင် နစ်မြုပ်သွားခဲ့သဖြင့် လူပေါင်း ၅၀၀ ကျော် သေဆုံးသွားနိုင်ကြောင်း ကုလသမဂ္ဂအဖွဲ့အစည်းများက ဇူလိုင် ၁၆ ရက် (ကြာသပတေးနေ့) တွင် ပူးတွဲထုတ်ပြန်ချက်ထုတ်ပြန်ကာ အထူးစိုးရိမ်ပူပန်ကြောင်း ဖော်ပြထားပါတယ်။
အဆိုပါစက်လှေနှစ်စင်းသည် ပြီးခဲ့သည့် ဇွန်လနှောင်းပိုင်းတွင် ရခိုင်ပြည်နယ်မှ စတင်ထွက်ခွာလာခြင်းဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား (Cox’s Bazar) ဒုက္ခသည်စခန်းများမှ လိုက်ပါလာသူအချို့ အပါအဝင် အများစုမှာ ရိုဟင်ဂျာဒုက္ခသည်များ ဖြစ်ကြသည်။လူဦးရေ ၂၅၀ ခန့် တင်ဆောင်လာပြီး ထွက်ခွာပြီးမကြာမီမှာပင် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။
လူဦးရေ ၂၈၀ ခန့် တင်ဆောင်လာကာ ဇူလိုင် ၈ ရက်တွင် ဧရာဝတီတိုင်းကမ်းလွန်ပင်လယ်ပြင်၌ နစ်မြုပ်သွားခဲ့သည်ဟု ယူဆရသည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ UNHCR နှင့် နိုင်ငံတကာ IOM တို့၏ ပြောကြားချက်အရ ယခုခရီးစဉ်များသည် ပင်လယ်လှိုင်းလေပြင်းထန်ပြီး အလွန်အန္တရာယ်များသည့် မုတ်သုံရာသီ တွင် စွန့်စားထွက်ခွာခဲ့ကြခြင်းဖြစ်သည်။
ရိုဟင်ဂျာဒုက္ခသည်များသည် နေရပ်ရပ်ရွာအတွင်း ကြုံတွေ့နေရသည့် အကြမ်းဖက်မှုများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကျပ်ညပ်နေသော ဒုက္ခသည်စခန်းများ၏ ဆိုးရွားလှသည့် အခြေအနေများကြောင့် မလေးရှား၊ အင်ဒိုနီးရှား သို့မဟုတ် ထိုင်းနိုင်ငံတို့သို့ ရောက်ရှိရန် ယခုကဲ့သို့ အသက်စွန့်ကာ ထွက်ခွာခဲ့ကြခြင်းဖြစ်သည်။
ယခုနှစ်အတွင်း ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် ပျောက်ဆုံး သို့မဟုတ် သေဆုံးသွားသည့် ရိုဟင်ဂျာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား စုစုပေါင်း ၃၀၀ နီးပါးအထိ ရှိနေပြီဖြစ်သည်။
Source;Bangkok Post
