Glaucoma လို့ခေါ်တဲ့ မျက်စိရေတိမ်ရောဂါက မျက်စိအတွင်းမှာရှိတဲ့ အာရုံကြောတွေ ပျက်စီးလာတာမျိုးဖြစ်ပြီး အချိန်မီ စနစ်တကျ ကုသမှုမခံယူဘူးဆိုရင် အမြင်အာရုံ တဖြည်းဖြည်း လျော့နည်းလာပြီး နောက်ဆုံး လုံးဝမျက်စိကွယ်တဲ့အထိ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အဖိုးတန် အမြင်အာရုံအတွက် ကြိုတင်စစ်ဆေးဖို့ အလွန်အရေးကြီးပါတယ်။
⚠️ မျက်စိရေတိမ်ရောဂါ ဖြစ်ပွားရန် အခွင့်အလမ်းများသူများ
အောက်ပါအချက်များထဲမှ တစ်ခုခုရှိနေပါက မျက်စိရေတိမ်ဖြစ်နိုင်ခြေ ပိုများလို့ အထူးသတိထားရပါမယ် –
💥 မျက်စိအတွင်းဖိအား မြင့်တက်ခြင်း
🧓 အသက် (၆၀) နှစ်နှင့်အထက် အဖြစ်များခြင်း
🧬 မိသားစုမျိုးရိုးရှိခြင်း
👁 မျက်ကြည်လွှာအလယ် ဗဟိုပါးခြင်း
👓 အနီး သို့မဟုတ် အဝေး အလွန်အမင်း မှုန်ခြင်း
🩺 ဆီးချို၊ သွေးတိုး၊ နှလုံး စသည့် ရောဂါများရှိခြင်း
🤕 မျက်စိထိခိုက်ဒဏ်ရာရဖူးခြင်း
💊 Steroid ဆေးများကို အချိန်ကြာကြာ သောက်သုံးဖူးခြင်း
🔍 အဖြစ်များသည့် မျက်စိရေတိမ် အမျိုးအစားများနှင့် လက္ခဏာများ
🌐 Open-Angle Glaucoma: အစောပိုင်းလက္ခဏာ မပြတတ်ပေးမယ့် အချိန်ကြာလာတာနဲ့အမျှ ဘေးပတ်ဝန်းကျင် အမြင်တွေ တဖြည်းဖြည်း ကျဉ်းသွားပြီး နောက်ဆုံး မျက်စိကွယ်သွားတတ်ပါတယ်။
🚨 Angle-Closure Glaucoma: မျက်စိအလွန်အမင်း နာလာပြီး ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ မျက်စိနီရဲလာခြင်း၊ မီးအလင်းကိုကြည့်လျှင် အဝိုင်းကွင်းများ မြင်ရခြင်းနှင့် အမြင်အာရုံ ရုတ်တရက် မှုန်ဝါးသွားခြင်းတို့ ဖြစ်တတ်သဖြင့် ချက်ချင်း အရေးပေါ်ကုသမှု ခံယူရပါမယ်။
🩺 အမြင်အာရုံကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဘာတွေစစ်ဆေးရမလဲ?
▫️မျက်လုံးအတွင်း ဖိအားတိုင်းတာခြင်း
▫️မျက်လုံးအတွင်းရှိ အာရုံကြောများ စစ်ဆေးခြင်း
▫️အမြင်စမ်းသပ်ခြင်း
▫️မျက်ကြည်လွှာ အထူတိုင်းတာခြင်း
▫️မျက်လုံးထောင့်များ စစ်ဆေးခြင်း
🛡 ရောဂါရှိပါက အမြန်ဆုံး သက်သာပျောက်ကင်းစေမည့် နည်းလမ်းများ
ကုသမှုနည်းလမ်းများ:
မျက်စဉ်းခတ်ခြင်း၊ သောက်ဆေးသောက်ခြင်း၊ ခွဲစိတ်ကုသမှုခံယူခြင်းနှင့် အခြားကုထုံးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ပြုလုပ်ရပါမယ်။
နေ့စဉ်နေထိုင်မှုပုံစံ အကြံပြုချက်:
🔹ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများကို စားပါ။
🔹အန္တရာယ်ကင်းမယ့် လေ့ကျင့်ခန်းမျိုး ပြုလုပ်ပါ။
🔹ကဖိန်းဓာတ် လျှော့ပေးပါ။
🔹ရေ သို့မဟုတ် အခြားအရည်များကို မကြာမကြာ သောက်ပေးပါ။
🔹ခေါင်းအုံး အနည်းငယ် မြင့်မြင့်နှင့် အိပ်စက်ပါ။
🔹ဆရာဝန်ညွှန်ကြားချက်ကို တိကျစွာ လိုက်နာပါ။
💡 ကျန်းမာရေးသဝဏ်လွှာ – မျက်စိရေတိမ်ကြောင့် ဆုံးရှုံးသွားတဲ့ အမြင်အာရုံဟာ ပြန်လည်မရရှိနိုင်တော့တာမို့ ပေါ့ဆမနေပါနဲ့။ မိမိရဲ့ အမြင်အာရုံကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် မျက်စိအထူးကုစင်တာ တွင် ကျွမ်းကျင်ဆရာဝန်ကြီးများနှင့် စောစီးစွာ ပြသတိုင်ပင် စစ်ဆေးသင့်ပါတယ်။
ကိုယ့်ရဲ့ မိဘဘိုးဘွားတွေနဲ့ ချစ်ခင်ရသူတွေ အလင်းကွယ်ခြင်းအန္တရာယ်ကနေ ကြိုတင်ကာကွယ်နိုင်ဖို့ ဒီ Post လေးကို Shareပြီး သတိပေးလိုက်ပါဦး❤️
အခုလို ဝေဒနာနဲ့ ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ သိကောင်းစရာတွေကို ထပ်မံမေးမြန်းလိုရင်ဖြစ်စေ၊𝐌𝐞𝐝𝐏𝐚𝐫𝐤𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 နဲ့ချိတ်ဆက်လိုလျှင်ဖြစ်စေ၊ ထိုင်းနိုင်ငံရှိ ထိပ်တန်းဆေးရုံကြီးများရဲ့ ကုသမှုစရိတ်နဲ့ ဆေးရုံသတင်းအချက်အလက်တွေကို စုံစမ်းလိုရင်ဖြစ်စေ 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 ကနေတစ်ဆင့် အချိန်မရွေး ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
ဆက်သွယ်ရန်:
𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤: 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫
𝐕𝐢𝐛𝐞𝐫: +𝟗𝟓 𝟗𝟖𝟖 𝟕𝟕𝟖 𝟑𝟔𝟕𝟕
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦: +𝟔𝟔 𝟔 𝟓𝟔𝟓 𝟗𝟓𝟖𝟓𝟏
𝐒𝐨𝐮𝐫𝐜𝐞;𝐌𝐞𝐝𝐏𝐚𝐫𝐤𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥
