ဆိုက်ဘာလိမ်လည်မှု (Scammer) ဂိုဏ်းများအတွက် ဘဏ်အကောင့်ဖွင့်ပေးခဲ့ပြီး နစ်နာသူများကို ဘတ် ၈ သိန်းကျော် ဆုံးရှုံးစေခဲ့သည့် အသက် ၂၆ နှစ်အရွယ် ထိုင်းအမျိုးသားတစ်ဦးကို SakonNakhonပြည်နယ်ရှိ အခန်းငှားတစ်ခုတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်ဗျာ။
တရားခံသည် ကမ္ဘောဒီးယားနိုင်ငံ၊ ပွေ့ပက် (Poipet) သို့ သွားရောက်ကာ ၎င်း၏အမည်ဖြင့် ဘဏ်အကောင့် ၂ ခုကို Scammer ဂိုဏ်းထံ ဘတ် ၁၀,၀၀၀ ဖြင့် ရောင်းချခဲ့သည်။ အဆိုပါအကောင့်များကို သုံး၍ လိမ်လည်ဂိုဏ်းက ပြည်သူများကို လိုက်လံလိမ်လည်ခဲ့ရာ စုစုပေါင်း နစ်နာမှုတန်ဖိုး ဘတ် ၈၀၀,၀၀၀ ကျော် ရှိခဲ့သည်။
ရဲတပ်ဖွဲ့က နောက်ကြောင်းရာဇဝင်ကို စစ်ဆေးရာ အခြားဒေသအသီးသီးတွင်လည်း ယခုကဲ့သို့ ဘဏ်အကောင့်အတု (Mule Account) ဖွင့်ပေးမှုဖြင့် ထုတ်ပြန်ထားသော ဖမ်းဝရမ်း ၄ ခု အထိ ထပ်မံတွေ့ရှိခဲ့ရသည်။
လက်ရှိတွင် တရားခံကို မုဒ္ဒါဟန်ပြည်နယ်၊ ခမ်ချအီရဲစခန်းသို့ လွှဲပြောင်းကာ အမှုဖွင့်တရားစွဲဆိုထားပြီး၊ အခြားသော အမှုဖွင့်ထားသည့် ရဲစခန်းများနှင့်လည်း ချိတ်ဆက်ကာ ဥပဒေအရ ဆက်လက်အရေးယူရန် ဆောင်ရွက်လျက်ရှိသည်။
မိမိ၏ ဘဏ်အကောင့်ကို သူတစ်ပါးအား ရောင်းချခြင်း၊ လွှဲပြောင်းပေးခြင်းများသည် နည်းပညာမှုခင်းများတွင် အားပေးကူညီသူအဖြစ် သတ်မှတ်ခံရမည်ဖြစ်ပြီး၊ ထိုင်းနိုင်ငံဥပဒေအရ ထောင်ဒဏ်နှင့် ငွေဒဏ် အပြင်းအထန် ချမှတ်ခံရမည်ဖြစ်သည်။
Source;ตำรวจทางหลวง
