ထိုင်းသို့ ရောက်သည်မှာ ၂ လပင် မပြည့်သေးသည့် ၁၅ နှစ်အရွယ် မြန်မာလူငယ် ဘောလုံးသွားကန်စဉ် ကားတိုက်ခံရပြီး သေဆုံး

ထိုင်းနိုင်ငံ၊ နွန်သဘူရီပြည်နယ်၌ ပြည်တွင်းစစ်ဒဏ်ကြောင့် မိဘများရှိရာ ထိုင်းသို့ ရောက်ရှိလာသည်မှာ ၂ လပင် မပြည့်သေးသည့် အသက် ၁၅ နှစ်အရွယ် မြန်မာလူငယ်တစ်ဦးသည် ဘောလုံးသွားကန်ရန် လမ်းဖြတ်ကူးစဉ် ကားတိုက်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။
ဇူလိုင် ၂၁ ရက် ညနေပိုင်းက နွန်သဘူရီမြို့နယ်၊ ပြချာရတ် လမ်းခွဲတံတားအနီးတွင် အသက် ၁၅ နှစ်အရွယ် မောင်မင်းထက်အောင် သည် လမ်းဖြတ်ကူးစဉ် Toyota Yaris မော်တော်ယာဉ်တစ်စီး၏ တိုက်မိခြင်းကို ခံခဲ့ရပြီး ဦးခေါင်းပြင်းထန်ဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးခဲ့သည်။
မိဘများ၏ အလုပ်ရှင်ဖြစ်သူက ကလေးသည် ပြည်တွင်းစစ်ကြောင့် မိဘများရှိရာ ထိုင်းသို့ ရောက်လာသည်မှာ ၂ လပင် မပြည့်သေးဘဲ ကျောင်းလည်း မတက်ရသေးကြောင်း၊ ယင်းနေ့တွင် လမ်းတစ်ဖက်ခြမ်းသို့ ဘောလုံးသွားကန်စဉ် အခုလို ဝမ်းနည်းဖွယ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် ရဲတပ်ဖွဲ့က ကားမောင်းသူ အမျိုးသမီးအား ခေါ်ယူစစ်ဆေးနေပြီး ကားရှေ့ကင်မရာ (Dashcam) မှတ်တမ်းများကို စိစစ်ကာ တရားဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

Source;ข่าวนนทบุรี