ထိုင်းဘတ်ငွေ လဲလှယ်နှုန်း တည်ငြိမ်ရေး၊ ငွေကြေးစီးဆင်းမှု ပွင့်လင်းမြင်သာရေးနှင့် မှောင်ခိုငွေကြေး စီးဆင်းမှုများကို တားဆီးရန်အတွက် ထိုင်းဗဟိုဘဏ် (Bank of Thailand) သည် ရွှေဆိုင်များတွင် ငွေသားဖြင့် သီးသန့် ရွှေချောင်း ရောင်းဝယ်မှုကို ပမာဏကန့်သတ်ရန် စည်းမျဉ်းသစ်များ အဆိုပြုထားပြီး အများပြည်သူ၏ သဘောထား အမြင်များကို စတင်တောင်းခံနေပါတယ်ဗျာ။ အဆိုပါ သဘောထားတောင်းခံမှုကို ဩဂုတ်လ ၂၀ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်သည်။
🪙 အဆိုပြုထားသည့် ငွေသား သုံးစွဲခွင့် ပမာဏ ကန့်သတ်ချက်များ
▪️ရွှေဆိုင်နှင့် တစ်ဦးချင်း ဝယ်ယူသူများအကြား: ရွှေဆိုင်တစ်ဆိုင် သို့မဟုတ် ဘဏ်ခွဲတစ်ခုတွင် တစ်ဦးလျှင် တစ်ရက်လျှင် ဘတ် ၁ သန်းမှ ၁၀ သန်းကြား အထိသာ ငွေသားဖြင့် ဝယ်ယူခွင့်ပြုရန်။
▪️ရွှေဆိုင်များ (ရွှေကုန်သည်များ) အချင်းချင်း ရောင်းဝယ်မှု: တစ်ရက်လျှင် ဘတ် သန်း ၁၀ မှ သန်း ၈၀ ကြား အထိသာ ငွေသားဖြင့် သုံးစွဲခွင့်ပြုရန်။
▪️ပင်ကိုယ်တိုင် လွှဲပြောင်းရမည်: ဝယ်ယူသူများအနေဖြင့် ရွှေချောင်းများကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ထုတ်ယူခြင်း သို့မဟုတ် သွားရောက်ပို့ဆောင်ပေးခြင်းများ ပြုလုပ်ရမည်ဖြစ်သည်။
🔍 ဘတ်ငွေ တည်ငြိမ်ရေးနှင့် မသင်္ကာဖွယ် ငွေကြေး စိစစ်ရေး
▪️အရောင်းအဝယ် ပမာဏကို ကန့်သတ်ခြင်းမဟုတ်ပါ: ယခု စည်းမျဉ်းသည် ရွှေရောင်းဝယ်သည့် ပမာဏစုစုပေါင်းကို ကန့်သတ်ခြင်းမဟုတ်ဘဲ သတ်မှတ်ထားသည့် ပမာဏထက် ကျော်လွန်ပါက ဘဏ်အကောင့်မှတစ်ဆင့် စစ်ဆေးရလွယ်ကူသော (Traceable) အီလက်ထရွန်နစ် ငွေပေးချေမှုစနစ်များကိုသာ သုံးစွဲရန် တောင်းဆိုခြင်းဖြစ်သည်။
▪️အွန်လိုင်း ရွှေရောင်းဝယ်မှု ကန့်သတ်ချက်များ: ပြီးခဲ့သည့် မတ်လမှစ၍ အွန်လိုင်း ရွှေရောင်းဝယ်မှုများကို တစ်ဦးလျှင် တစ်ရက်လျှင် ဘတ် သန်း ၅၀ အထိ ကန့်သတ်ထားပြီး ဖြစ်သည်။
▪️ငွေသား ၅ သန်းအထက် အပ်နှံသူများ စိစစ်မည်: ထို့ပြင် လာမည့် အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ဘဏ်များတွင် ငွေသား ဘတ် ၅ သန်းထက်မက လာရောက်အပ်နှံသူများအနေဖြင့် ငွေကြေးရရှိသည့် လမ်းကြောင်း (Source of funds) ကို မဖြစ်မနေ ထုတ်ဖော်ပြောကြားရမည်ဖြစ်သည်။
Source;Bangkok Post
