ဥပဒေအထောက်အကူပြုအဖွဲ့ဝင် ဆောင်စက် ဆိုင်ချူဝါ(𝐎𝐦𝐛𝐮𝐝𝐬𝐦𝐚𝐧 𝐒𝐨𝐧𝐠𝐬𝐚𝐤 𝐒𝐚𝐢𝐜𝐡𝐞𝐮𝐚)က နိုင်ငံခြားသားများ မြေယာပိုင်ဆိုင်ရန် ထိုင်းအမည်ခံများကို အသုံးပြုနေသည့် ဥပဒေကွက်လပ်များကို ပိတ်ဆို့ရန် အစိုးရအား အဆိုပြုချက်များ တင်သွင်းခဲ့ပါသည်။ အထူးသဖြင့် စီးပွားရေးအလားအလာမြင့်မားသည့် ဒေသများတွင်ဖြစ်သည်။
နိုင်ငံခြားသားများသည် ဥပဒေအရ ကန့်သတ်ချက်များကို ရှောင်လွှဲရန် ထိုင်းနိုင်ငံသားများနှင့် လက်ထပ်ခြင်း သို့မဟုတ် ထိုင်းလူမျိုးများက အမည်ခံ ရှယ်ယာများ ပိုင်ဆိုင်ထားသော်လည်း လုပ်ငန်းများကို နိုင်ငံခြားသားများက စီမံခန့်ခွဲနေသည့် ကုမ္ပဏီများ တည်ထောင်ခြင်း စသည့် နည်းလမ်းများကို အသုံးပြုနေကြောင်း ပြောကြားခဲ့သည်။
ဤလုပ်ရပ်သည် နိုင်ငံခြားစီးပွားရေးလုပ်ငန်းဥပဒေ (𝐅𝐨𝐫𝐞𝐢𝐠𝐧 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐀𝐜𝐭) နှင့် အခြားသော စည်းမျဉ်းများရှိ ကွက်လပ်များကို အခွင့်ကောင်းယူရန် ကြိုးပမ်းခြင်းဖြစ်ကြောင်းနှင့် အထူးသဖြင့် ဘန်ကောက်၊ ချင်းမိုင်၊ ဆူရတ်ဌာနီ၊ ဖူးခက်၊ ခရာဘီ၊ ဖန်ငါ၊ ပရာချူပ်ခီရီခန်၊ ချွန်ဘူရီ၊ ရယောင်း၊ တရတ်နှင့် ချန်ထဘူရီ စသည့် စီးပွားရေးအလားအလာ အလွန်ကောင်းသော နေရာများတွင် ဤပြဿနာကို တွေ့ရကြောင်း ဖော်ပြထားပါသည်။
ဆောင်စက် (𝐒𝐨𝐧𝐠𝐬𝐚𝐤) ၏ ပြောကြားချက်အရ ဤအခြေအနေသည် ပြည်သူ့လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများ၊ စီးပွားရေးပြတ်တောက်မှုများ၊ ရာဇဝတ်မှုဆိုင်ရာ လုပ်ငန်းများ၊ ကောလ်စင်တာနှင့် မူးယစ်ဆေးဝါးရောင်းဝယ်မှုများကဲ့သို့သော မီးခိုးရောင်စီးပွားရေးလုပ်ငန်းများ တိုးချဲ့လာခြင်း စသည့် ကျယ်ပြန့်သော နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်ပေါ်စေခဲ့ပါသည်။
ဤပြဿနာကို တုံ့ပြန်ရန် ဥပဒေအထောက်အကူပြုအဖွဲ့ (𝐎𝐟𝐟𝐢𝐜𝐞 𝐨𝐟 𝐭𝐡𝐞 𝐎𝐦𝐛𝐮𝐝𝐬𝐦𝐚𝐧) က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အချက်အလက်များစုဆောင်းရန် အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းခဲ့ပြီး ရှေ့ပြေးလုပ်ဆောင်နိုင်မည့် ပြည့်စုံသော အကြံပြုချက်များ ပြင်ဆင်ရန်အတွက် ဒေသဆိုင်ရာနှင့် ဗဟိုအေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု သတင်းရရှိပါသည်။
Source: The Nation Thailand