ဆူးတား၊ ဇူလိုင် ၃၁ (၂၀၂၆) – မြောက်အာဖရိကရှိ စပိန်ပိုင် ဆူးတား (Ceuta) မြို့အတွင်းသို့ မိုရော့ကိုနိုင်ငံဘက်မှ လူပေါင်း သောင်းနှင့်ချီ၍ အစုလိုက်အပြုံလိုက် ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် ဖြစ်စဉ်ကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပြီး၊ ဝင်ရောက်လာသူများအနက် ထက်ဝက်ခန့်မှာ မိုရော့ကိုဘက်သို့ ပြန်လည်ထွက်ခွာသွားကြပြီဖြစ်ကြောင်း စပိန်အစိုးရက ထုတ်ပြန်လိုက်ပါတယ်။
လူပေါင်း ၅၀,၀၀၀ မှ ၆၀,၀၀၀ အထိ နယ်စပ်ကို ဖြတ်ကျော်ရန် ကြိုးပမ်းခဲ့ကြရာ တိုးဝှေ့မှုများနှင့် မတော်တဆမှုများကြောင့် အနည်းဆုံး လူ ၃၄ ဦး သေဆုံးခဲ့ရသည်။
အစားအသောက်နှင့် ခိုလှုံရာ အခက်အခဲများကြောင့် ဝင်ရောက်လာသူ ၂၅,၀၀၀ နီးပါး မှာ မိုရော့ကိုဘက်သို့ အလိုအလျောက် ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။
စပိန်ဝန်ကြီးချုပ်က ယခုဖြစ်စဉ်သည် အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ဆိုကာ မိုရော့ကိုအစိုးရနှင့် ပူးပေါင်း၍ ပြန်လည်လွှဲပြောင်းပေးလျက်ရှိသည်။
စပိန်၏ လျှော့ပေါ့သည့် မူဝါဒများကို ပြင်သစ်နှင့် အီတလီတို့က ဝေဖန်ခဲ့ပြီး ပြင်သစ်က စပိန်နယ်စပ် စစ်ဆေးမှုများ တိုးမြှင့်လိုက်သလို၊ အီတလီကလည်း နယ်စပ်ဖြတ်ကျော်ခွင့် ဆိုင်းငံ့မည်ဟု သတိပေးထားသည်။
Source;Reuters
