ဆိုးလ်၊ ဩဂုတ် ၄ (၂၀၂၆) – တောင်ကိုရီးယားနိုင်ငံတွင် စံချိန်တင် အပူလှိုင်း ကျရောက်မှုကြောင့် သေဆုံးသူ ၁၆ ဦးအထိ ရှိလာခဲ့ပြီးနောက် သမ္မတ လီဂျေမြောင် (Lee Jae Myung) က အပူဒဏ် ခံစားနေရသူများကို ထောက်ပံ့ကူညီမှုများ တိုးမြှင့်ပေးရန်နှင့် အရေးပေါ် စမတ်စနစ်များ ပြင်ဆင်ရန် ယနေ့ (ဩဂုတ် ၄ ရက်) အစိုးရအဖွဲ့ အစည်းအဝေး၌ အရေးပေါ် ညွှန်ကြားလိုက်ပါတယ်။
အဆင်းရဲမရွေး ပြည်သူများ၏ နေ့စဉ်လူနေမှုဘဝကို ကာကွယ်ပေးရန်နှင့် လေအေးပေးစက်များ အသုံးပြုမှု များပြားလာခြင်းကြောင့် လျှပ်စစ်ဓာတ်အားစနစ်များကို စနစ်တကျ စစ်ဆေးရန် သမ္မတ လီဂျေမြောင်က အရာရှိများအား တိုက်တွန်းခဲ့သည်။
ယခုကဲ့သို့ ပြင်းထန်သည့် ရာသီဥတုဆိုးဝါးမှုများသည် ပုံမှန်လို ဖြစ်လာနေသဖြင့် အမျိုးသား အရေးပေါ် ပဋိပက္ခ ထိန်းချုပ်ရေးစနစ်ကို အခြေခံကျကျ ပြန်လည်ပြင်ဆင်ရန် လိုအပ်ကြောင်း ထောက်ပြခဲ့သည်။
တောင်ကိုရီးယား မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ တောင်ပိုင်း အလယ်ပိုင်းမြို့ဖြစ်သော ရန်ဆန်း (Yangsan) တွင် တနင်္ဂနွေနေ့က အပူချိန် ၄၂.၅ ဒီဂရီ စင်တီဂရိတ် (၁၀၈.၅ ဒီဂရီ ဖာရင်ဟိုက်) အထိ မြင့်တက်ခဲ့ပြီး ယင်းသည် နှစ်ပေါင်း ၁၂၂ နှစ်အတွင်း အမြင့်ဆုံး အပူချိန် စံချိန်သစ်ဖြစ်သည်။
တောင်ကိုရီးယား မိုးလေဝသဌာနသည် ဆိုးလ်မြို့နှင့် အနီးဝန်းကျင် ဂျောင်ဂီ (Gyeonggi) ဒေသများအတွက် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အပူလှိုင်း အနီရောင်အဆင့် သတိပေးချက်ကို တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့ပြီး အင်္ဂါနေ့တွင် မြို့တော်တစ်ခုလုံးသို့ တိုးမြှင့် သတ်မှတ်ခဲ့သည်။
အခြားတစ်ဖက်တွင် ထိုင်းနိုင်ငံ မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ ယခုသီတင်းပတ်အတွင်း မုတ်သုံမိုး ရွာသွန်းမှုများ စတင်နေပြီး ပျမ်းမျှအပူချိန် ၂၉ ဒီဂရီ စင်တီဂရိတ် ရှိသော်လည်း စိုထိုင်းဆကြောင့် ၃၅ ဒီဂရီ စင်တီဂရိတ်ကဲ့သို့ ပူအောက်အောက် ခံစားရမည်ဟု ထုတ်ပြန်ထားသည်။
Source;Bangkok Post
