အသက်ငယ်ငယ်လေးနဲ့ ဝဝကစ်ကစ် ချစ်စရာကောင်းတယ်ဆိုပြီး လွှတ်ထားမိရာကနေ ကျရောက်လာနိုင်တဲ့ ရောဂါဆိုး

ကလေးငယ်တွေမှာ ဘာလက္ခဏာမှမပြဘဲ ဖြစ်လာနိုင်တဲ့ “ကလေးအသည်းအဆီဖုံးရောဂါ” – သတိထားရမည့် အချက်များနှင့် ကာကွယ်နည်းများ

ယခင်က NAFLD ဟု လူသိများခဲ့ပြီး ယခုအခါ MASLD (Metabolic Dysfunction-Associated Steatotic Liver Disease)ဟု ပြောင်းလဲခေါ်ဆိုသော အသည်းအဆီဖုံးရောဂါသည် ကလေးငယ်များတွင်ပင် ဖြစ်ပွားတတ်ပါတယ်။ အစောပိုင်းအဆင့်များတွင် မည်သည့် လက္ခဏာမျှ မပြဘဲ တိတ်တဆိတ် ဖြစ်ပေါ်လာတတ်တာကြောင့် မိဘတွေအနေနဲ့ အထူးသတိပြုရပါမယ်⚠️

🔍 သတိထားရမည့် ဖြစ်နိုင်ခြေအကြောင်းအရင်းများနှင့် လက္ခဏာများ

⚖️ ကိုယ်အလေးချိန် လွန်ကဲခြင်း: အဝလွန်ခြင်း သို့မဟုတ် ခန္ဓာကိုယ်အလေးချိန် ပုံမှန်ထက် များနေခြင်း။

🩸 ဆီးချိုအန္တရာယ်: အင်ဆူလင် တုံ့ပြန်မှု အားနည်းခြင်းနှင့် အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ရှိခြင်း။

🤢 ဝမ်းဗိုက်အောင့်ခြင်း: ကလေးက ခဏခဏ မောပန်းလွယ်ခြင်း၊ ဝမ်းဗိုက် ညာဘက်အပေါ်ပိုင်း မကြာခဏ အောင့်သည်ဟု ပြောခြင်း။

⚠️ အရေပြား မဲညစ်လာခြင်း: လည်ပင်း၊ ဂျိုင်း သို့မဟုတ် ပေါင်ခြံဝန်းကျင် အရေပြားများ ပုံမှန်မဟုတ်ဘဲ မဲညစ်လာခြင်း (Acanthosis nigricans)။

🌈 သတင်းကောင်း – ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာနိုင်ပါတယ်
အစောပိုင်းအဆင့် အသည်းအဆီဖုံးရောဂါသည် ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်မှုအလေ့အထ၊ ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်ခြင်းနှင့် စနစ်တကျ ပြုစုစောင့်ရှောက်ခြင်းတို့ဖြင့် ပုံမှန်အခြေအနေသို့ ပြန်လည်ကောင်းမွန်လာနိုင်ပါတယ်

💡 မိဘများသို့ အကြံပြုချက် – ခွဲစိတ်ထိုးဖောက်စရာ မလိုဘဲ အသည်း၏ တောင့်တင်းမှုနှင့် အဆီစုပုံမှုကို စစ်ဆေးပေးနိုင်သည့် FibroScan အပါအဝင် ပုံမှန် ကျန်းမာရေး စစ်ဆေးမှုများဖြင့် သင့်ကလေးရဲ့ အသည်းကျန်းမာရေးကို စောစီးစွာ ကာကွယ်စောင့်ရှောက်ပေးလိုက်ပါနော်။

ကလေးရှိတဲ့ မိဘတွေနဲ့ ဆိုင်နီးရိုးဝေးတွေ သိရှိအောင်လို့ ဒီ အရေးကြီးတဲ့ Post လေးကို Share ပြီး သတိပေးလိုက်ပါဦး။ ❤️

အခုလို ဝေဒနာနဲ့ ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ သိကောင်းစရာတွေကို ထပ်မံမေးမြန်းလိုရင်ဖြစ်စေ၊ 𝐕𝐞𝐣𝐭𝐡𝐚𝐧𝐢 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 နဲ့ချိတ်ဆက်လိုလျှင်ဖြစ်စေ၊ ထိုင်းနိုင်ငံရှိ ထိပ်တန်းဆေးရုံကြီးများရဲ့ ကုသမှုစရိတ်နဲ့ ဆေးရုံသတင်းအချက်အလက်တွေကို စုံစမ်းလိုရင်ဖြစ်စေ 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 ကနေတစ်ဆင့် အချိန်မရွေး ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ဆက်သွယ်ရန်:

𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤: 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫
𝐕𝐢𝐛𝐞𝐫: +𝟗𝟓 𝟗𝟖𝟖 𝟕𝟕𝟖 𝟑𝟔𝟕𝟕
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦: +𝟔𝟔 𝟔 𝟓𝟔𝟓 𝟗𝟓𝟖𝟓𝟏

𝐒𝐨𝐮𝐫𝐜𝐞;𝐕𝐞𝐣𝐭𝐡𝐚𝐧𝐢 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥