သင်္ဘောများ ထပ်မံ တိုက်ခိုက်ခံရမှုကြောင့် အီရန်စစ်ပွဲ ပိုမိုနက်ရှိုင်း၊ ဟော်မုဇ် ရေလက်ကြား ဆက်လက် ပိတ်ထား

ကမ္ဘာ့အဓိက ရေကြောင်းလမ်းကြောင်းများတွင် ကုန်သင်္ဘောများ ထပ်မံတိုက်ခိုက်ခံရသဖြင့် အီရန်စစ်ပွဲ အမြန်ဆုံး ပြီးဆုံးနိုင်မည့် မျှော်လင့်ချက်များ မှုတ်မှေးသွားခဲ့ရပြီး အမေရိကန်ဘက်က တောင်းဆိုချက်များကို မလိုက်လောမချင်း ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ကို ဆက်လက် ပိတ်ထားမည်ဟု တီဟီရန်က အတည်ပြုလိုက်ပါတယ်။
ဘာဘ်အယ်လ်မန်ဒက် ရေလက်ကြားတွင် အီဂျစ် ကုန်သင်္ဘော တိုက်ခိုက်ခံရ၍ သင်္ဘောသား ၄ ဦးနှင့် ယီမင် ကယ်ဆယ်ရေးသမား ၂ ဦး သေဆုံးခဲ့သည်။ အမေရိကန် စစ်တပ်ကလည်း ပနားမား ကုန်သင်္ဘောတစ်စီးကို Hellfire ဒုံးကျည်ဖြင့် ပစ်ခတ် တားဆီးခဲ့သည်။
အမေရိကန်ဘက်က အီရန်၏ ပြည်ပ ပိုင်ဆိုင်မှုများ ပြန်လည်ထုတ်ပေးခြင်းနှင့် ဒေသတွင်း ပဋိပက္ခများ ရပ်တန့်ခြင်း စသည့် တောင်းဆိုချက်များကို မလိုက်လောမချင်း ဟော်မုဇ် ရေလက်ကြားအား ဖွင့်ပေးမည်မဟုတ်ကြောင်း အီရန် လုံခြုံရေး အရာရှိက အတည်ပြုခဲ့သည်။
စစ်ရေး တင်းမာမှုများ ပိုမိုမြင့်တက်လာမှုကြောင့် ကမ္ဘာ့ရေနံစိမ်း စျေးနှုန်းများ ပြန်လည်မြင့်တက်ခဲ့ရာ Brent ရေနံစိမ်း တစ်ဘီပါလျှင် ၈၈.၉၁ ဒေါ်လာအထိ အသီးသီး ရောက်ရှိသွားခဲ့သည်။

Source;The Nation