ကြယ်တံခွန်များ အစင်း ၁၀၀ နီးပါ ယနေ့ညတွင်် ကျဆင််းမည်ကို ထိုင်းနိုင်ငံတစ််ဝန်း အများဆုံးမြင်တွေ့နိုင်

ဩဂုတ် ၁၂ ရက် ဗုဒ္ဓဟူးနေ့ ည ၁၁ နာရီခန့်မှစ၍ ဩဂုတ် ၁၃ ရက် မိုးသောက်ယံအချိန်အထိ ထိုင်းနိုင်ငံတစ်ဝန်း ကြယ်တံခွန်မိုးများ ပျှမ်းမျှတစ်နာရီလျှင် အစင်း ၁၀၀ ခန့်အထိ ကောင်းကင်ယံ၌ အများဆုံး ကျဆင်းမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ အမျိုးသား နက္ခတ္တဗေဒ သုတေသန အဖွဲ့အစည်း (NARIT) က ထုတ်ပြန်လိုက်ပါတယ်။
ယခုနှစ်တွင် လရောင် အနှောင့်အယှက် မရှိသဖြင့် ကြယ်တံခွန်မိုးအား အကြည်လင်ဆုံး ကြည့်ရှုနိုင်သည့် ကောင်းမွန်သော အခြေအနေဖြစ်ကြောင်း NARIT က ပြောကြားခဲ့သည်။
ဥက္ကာပျံများ စတင်ထွက်ပေါ်မည့် Perseus ကြယ်စုသည် မြောက်အရှေ့ဘက် မိုးကုတ်စက်ဝိုင်းမှ ည ၁၁ နာရီခန့်တွင် စတင်ထွက်ပေါ်လာမည်ဖြစ်သည်။
မြို့ပြမီးရောင်များနှင့် ဝေးကွာပြီး မှောင်မိုက်သော နေရာများတွင် ကောင်းကင်သို့ ပက်လက်လှန်ကြည့်ရှုပါက မှန်ပြောင်းမလိုဘဲ သာမန်မျက်စိဖြင့် အကောင်းဆုံး မြင်တွေ့နိုင်မည်ဖြစ်သည်။
ကြယ်တံခွန်မိုးသည် Comet 109P/Swift-Tuttle တုမ်ခိုးကြယ်၏ လမ်းကြောင်းပေါ်တွင် ကျန်ရစ်ခဲ့သော အပိုင်းအစများကို ကမ္ဘာမြေက ဖြတ်သန်းရာမှ လေထုအတွင်း လောင်ကျွမ်းကာ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ကမ္ဘာမြေပေါ်သို့ မည်သည့် အန္တရာယ်မျှ ဖြစ်ပေါ်စေမည် မဟုတ်ပါ။
ကြယ်တံခွန်မိုးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြင်တွေ့နိုင်သော်လည်း လက်ရှိ ထိုင်းနိုင်ငံ၏ မိုးရာသီကာလဖြစ်သဖြင့် မိုးသည်းထန်စွာ ရွာသွန်းသည့် ဒေသများတွင် ကောင်းကင်ယံ ကြည့်ရှုရန် အခက်အခဲ ရှိနိုင်ကြောင်း NARIT က အသိပေးထားသည်။

Source;The Nation