တရားဝင် အွန်လိုင်းစတိုးမှ အိုင်ဖုန်း (iPhone) မှာယူခဲ့သည့် အွန်လိုင်း ဝယ်ယူသူတစ်ဦးသည် ပါဆယ်ဘူးကို ဖွင့်ကြည့်ရာတွင် အိုင်ဖုန်းအစား အန်းဒရွိုက် (Android) ဖုန်းတစ်လုံး သာ ပါဝင်လာခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး၊ အဆိုပါ အတွေ့အကြုံကို ဘူးဖွင့်သည့် ဗီဒီယို (Unboxing Video) နှင့်အတူ ထိုင်းနိုင်ငံရှိ “We Are Consumers” ဖေ့စ်ဘုတ်ခ် အုပ်စုတွင် ဝေမျှခဲ့ပါတယ်ဗျာ။
ဝယ်ယူသူသည် နာမည်ကြီး အွန်လိုင်း ဈေးဝယ် ပလက်ဖောင်း၏ Official Store မှတစ်ဆင့် မှာယူခဲ့ခြင်း ဖြစ်သော်လည်း ပါဆယ်ဘူးအတွင်းမှ ရရှိလာသော စမတ်ဖုန်းမှာ အန်းဒရွိုက် စနစ်ဖြင့် လည်ပတ်နေသည့် ဖုန်းတစ်လုံး ဖြစ်နေခဲ့သည်။
လုပ်ကြံ ဖန်တီးထားခြင်း မဟုတ်ကြောင်း သက်သေပြရန်အတွက် ဘူးစတင်ဖွင့်ချိန်မှစ၍ ဖုန်း ပါဝါဖွင့်ပြသည့် ဗီဒီယို အပြည့်အစုံကို ကွန်မန့်တွင် ထပ်မံ တင်ပြခဲ့သည်။
အခြား ဝယ်ယူဖူးသူများ၏ ပြောကြားချက်အရ အိုင်ဖုန်း 17 ကဲ့သို့သော အဆင့်မြင့် ဖုန်းများ မှာယူပါက ထုပ်ပိုးသည့် ပစ္စည်း၊ ဘူးအရွယ်အစားနှင့် တိပ်များမှာ ပုံမှန်အားဖြင့် စနစ်တကျ ရှိသော်လည်း၊ ယခု အခင်းဖြစ် ပစ္စည်း၏ ထုပ်ပိုးပုံမှာ မတူညီနေသည့်အတွက် ပို့ဆောင်ရေး လမ်းကြောင်းအတွင်း ပစ္စည်း လဲလှယ်ခံလိုက်ရခြင်း ဖြစ်နိုင်ကြောင်း သံသယရှိနေကြသည်။
တန်ဖိုးကြီး ပစ္စည်းများ အွန်လိုင်းမှ မှာယူရာတွင် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်ပါက လျှော်ကြေးတောင်းခံရန် သို့မဟုတ် ဥပဒေကြောင်းအရ ရင်ဆိုင်နိုင်ရန် ဘူးစတင် ဖွင့်ချိန်မှစ၍ သက်သေအဖြစ် အပြည့်အစုံ ဗီဒီယို ရိုက်ကူးထားသင့်သည်။
တရားဝင် စတိုးများသည် ပစ္စည်းထုပ်ပိုးချိန်တွင် ဗီဒီယို မှတ်တမ်းယူထားလေ့ ရှိသောကြောင့် ဝယ်ယူသူဘက်မှ ခိုင်မာသည့် ဘူးဖွင့် ဗီဒီယို သက်သေ မရှိပါက ပို့ဆောင်သူ သို့မဟုတ် ဝယ်ယူသူ၏ အမှားအဖြစ် ငြင်းခုံမှုများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။
Source;Thaiger
