Heat Dome ကြောင့် တစ်ကမ္ဘာလုံးတွင် အပူလှိုင်းဒဏ် ပြင်းထန်နေ၊ ဘန်ကောက်တွင် အပူညွှန်းကိန်း ၅၁.၉ ဒီဂရီအထိ မြင့်တက်

ကမ္ဘာတစ်ဝန်းတွင် Heat Dome နှင့် Omega Block ရာသီဥတုဖြစ်စဉ်များကြောင့် ပြင်းထန်သော အပူလှိုင်းဒဏ်ကို ဆိုးရွားစွာ ခံစားနေရပြီး ဥရောပ၊ မြောက်အမေရိကနှင့် အာရှတစ်လွှားတွင် လူသေဆုံးမှုများနှင့် တောမီးလောင်ကျွမ်းမှုများ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

ဇွန်လ ၂၁ ရက်မှစတင်ကာ ရောဂါအခံရှိသည့် Vulnerable အုပ်စုများအတွင်း သေဆုံးသူ ၁,၃၀၀ ကျော်သွားပြီဖြစ်သည်။ ပြင်သစ်တွင် ၄၃.၈ ဒီဂရီအထိရှိလာပြီး လူ ၁,၀၀0 ခန့် သေဆုံးခဲ့သည်။ ချက်တွင် ၄၁.၉ ဒီဂရီ၊ ဂျာမနီတွင် ၄၁.၇ ဒီဂရီဖြင့် စံချိန်တင်ပူပြင်းနေပြီး ရထားသံလမ်းများ ကွေးကောက်နိုင်သဖြင့် ခရီးမသွားရန် သတိပေးထားရသည်။

အပူချိန်မြင့်မားပြီး လေပြင်းတိုက်ခတ်မှုကြောင့် ယူတာပြည်နယ်ရှိ Cottonwood တောမီးသည် ဧက ၉၂,၀၀၀ ကျော်အထိ ကူးစက်လောင်ကျွမ်းနေကာ မီးသတ်သမား ၃ ဦး သေဆုံးခဲ့ရသည်။

စိုထိုင်းဆမြင့်မားခြင်းကြောင့် ပိုမိုအန္တရာယ်ကြီးနေသည်။ ထိုင်း (ဘန်ကောက်) တွင် အပူချိန်ညွှန်းကိန်း (Heat Index) သည် ၅၁.၉ ဒီဂရီစင်တီဂရိတ် အထိ မြင့်တက်လာပြီး အပူလျှပ်ခြင်း (Heatstroke) ဖြစ်နိုင်သည့် အလွန်အန္တရာယ်ကြီးသော အဆင့်သို့ ရောက်ရှိနေသည်။ အိန္ဒိယတွင် ၅၀.၃ ဒီဂရီ၊ ပါကစ္စတန်တွင် ၅၀ ဒီဂရီနှင့် တရုတ်/ဂျပန်တို့တွင်လည်း ၄၀ ဒီဂရီအထိ စောစီးစွာ ပူပြင်းနေသည်။

 ရေရှည်သက်ရောက်မှု ၃ ချက်

၁.အခြေခံအဆောက်အအုံ: အိမ်များနှင့် ဟိုတယ်အဟောင်းများသည် အပူထိန်းရန်သာ ဆောက်ထားသဖြင့် လေအေးပေးစက် မသုံးနိုင်သည့် ဗာဂျက် (Budget) ခရီးသွားများနှင့် ဝင်ငွေနည်းသူများ အန္တရာယ်ရှိနေသည်။

၂.စွမ်းအင်ဝန်ပိမှု: လေအေးပေးစက် သုံးစွဲမှု အဆမတန်မြင့်မားလာသဖြင့် လျှပ်စစ်မီးပေးဝေရေးစနစ်များပေါ် ဝန်ပိနေသည်။

၃.ကျန်းမာရေးစနစ်: ဒေသခံများနှင့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားများ အပူဒဏ်ကြောင့် ဆေးရုံတက်ရမှု များပြားလာသဖြင့် ကျန်းမာရေးကဏ္ဍတွင် ဖိအားဖြစ်ပေါ်နေပါတယ်။

Source;The Nation

#Mingalarnews #GlobalHeatwave2026 #HeatDome #BangkokHeatIndex