InterNations အဖွဲ့အစည်း၏ Expat Insider 2026 စန်းစစ်ချက်အရ နိုင်ငံခြားသားများ နေထိုင်ရန် အကောင်းဆုံး နိုင်ငံများစာရင်းတွင် ထိုင်းနိုင်ငံသည် ပနားမားနှင့် မက္ကဆီကို နိုင်ငံတို့၏ နောက်တွင် ကမ္ဘာ့အဆင့် ၃ နေရာ၌ ရပ်တည်နိုင်ခဲ့ပါတယ်ဗျာ။
ထိုင်းနိုင်ငံရှိ နိုင်ငံခြားသား ၈၆% က ၎င်းတို့၏ ဘဝကို ပျော်ရွှင်ကြောင်း ဖြေကြားခဲ့ပြီး၊ Happiness Index တွင် ၈၅.၅ အမှတ်ဖြင့် စာရင်းဝင် ၃၁ နိုင်ငံအနက် အမြင့်ဆုံး ရရှိခဲ့သည်။ Forbes ၏ ဖော်ပြချက်အရ ထိုင်းရောက် နိုင်ငံခြားသား ၄၂% က ထိုင်းနိုင်ငံတွင် အပြီးတိုင် နေထိုင်သွားရန် စီစဉ်ထားကြသည်။
သက်သာသော လူနေမှု စရိတ်၊ စျေးနှုန်းချိုသာသော အိမ်ငှားခ၊ ဖော်ရွေသော ဒေသခံများ (၉၀% က ဖော်ရွေသည်ဟု မှတ်ချက်ပြု) နှင့် အဆင့်မြင့် ဆေးဝါးကုသမှု စနစ်တို့ကြောင့် မိမိအိမ်ကဲ့သို့ နွေးထွေးမှုပေးနိုင်သော နိုင်ငံအဖြစ် အဆင့် ၁ နေရာ ရရှိခဲ့သည်။
ထိုင်းနိုင်ငံ၏ အဓိက စိန်ခေါ်မှုနှင့် အားနည်းချက်များမှာ ရာသီဥတုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍတွင် ၃၁ နိုင်ငံအနက် အနိမ့်ဆုံး (အဆင့် ၃၁) သို့ ကျဆင်းခဲ့သည်။ လေထုအရည်အသွေး ကောင်းမွန်သည်ဟု ၃၃% သာ အသိအမှတ်ပြုခဲ့ကြပြီး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစိုးရ၏ ထောက်ပံ့မှု မူဝါဒများတွင်လည်း အဆင့် ၃၀ အထိ အောက်ဆုံးနား ရောက်ရှိခဲ့သည်။
ကမ္ဘာ့အဆင့်ရပ်တည်မှုများ၌ ထိပ်တန်း ၁၀ နိုင်ငံတွင် ပနားမား (အဆင့် ၁)၊ မက္ကဆီကို (အဆင့် ၂)၊ ထိုင်း (အဆင့် ၃)၊ ယူအေအီး၊ ဘရာဇီး၊ စပိန်၊ စင်ကာပူ၊ ပေါ်တူဂီ၊ မလေးရှား နှင့် လဇ်ဇင်ဘတ်တို့ဖြစ်ပြီး အောက်ဆုံး ၅ နိုင်ငံမှာနော်ဝေ၊ ဂျာမနီ၊ တူရကီ၊ ဗြိတိန် နှင့် ကနေဒါတို့ဖြစ်ကြသည်။ (အမေရိကန်နိုင်ငံသည် အဆင့် ၂၀ ၌ ရပ်တည်ခဲ့သည်)။
Source;Thaiger
