ပတ္တယားတွင် ပျားအုံကြီး ပျက်၍ အကိုက်ခံရသဖြင့် ကျောင်းသား ၁၃ ဦး အပါအဝင် ၁၇ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ၊ ပတ္တယားမြို့ အစိုးရရုံးစုအနီးရှိ သစ်ပင်ကြီးပေါ်မှ ပျားအုံကြီး ပျက်ကျ/ဆွတ်ဆွတ်ခံရမှုကြောင့် ကျောင်းသား ၁၃ ဦး အပါအဝင် ပြည်သူ ၁၇ ဦး ပျားတုပ်ခံရပြီး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်တစ်ခု ယနေ့ ဩဂုတ် ၂၀ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်ဗျာ။

ဘန်းလမွန်း ရဲစခန်းနှင့် စာသင်ကျောင်း အနီးရှိ ကုက္ကိုပင်ကြီးပေါ်တွင် ၁ မီတာပတ်လည်ခန့်ရှိ ပျားအုံကြီးရှိနေပြီး ကြက်ကင်ရောင်းသူ အမျိုးသမီးက မီးမွှေးစဉ် မီးခိုးကြောင့် ပျားများ အုံလိုက်ကျလာကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပျားကောင်ရေ ၁၀၀ ခန့် တုပ်ခံရပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ဒဏ်ရာရ အမျိုးသမီးအား သွားရောက်ကူညီစဉ် ရဲအရာရှိ ရာချာဖွန် သည်လည်း ပျားတုပ်ခံရပြီး လဲကျသွားခဲ့ရာ၊ မီးသတ်ဆေးဗူးဖြင့် ပျားများကို လှမ်းဖြန်း၍ လူစုခွဲခဲ့ရသည်။

မီးပျက်သဖြင့် အိမ်ပြန်လာကြသည့် ကျောင်းသူ/ကျောင်းသား ၁၃ ဦး အပါအဝင် လမ်းသွားလမ်းလာများပါ ပျားတုပ်ခံခဲ့ရသည်။ စုစုပေါင်း လူကြီး ၄ ဦးနှင့် ကျောင်းသား ၁၃ ဦး ဒဏ်ရာရခဲ့သည်။

Sawang Boriboon ကယ်ဆယ်ရေးအဖွဲ့က လူနာတင်ယာဉ် ၅ စီးဖြင့် လာရောက်ကာ ရှေးဦးသူနာပြုစုပေးပြီး ပတ္တယား ပတ္တမကွန်း ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

ပတ္တယား ဘေးအန္တရာယ် ကာကွယ်ရေး အဖွဲ့က အမြင့်သုံး ကလေးမောင်းကားဖြင့် သစ်ပင်ထိပ်ဖျားအထိ တက်ရောက်ကာ အဆိုပါ ပျားအုံကြီးအား မီးရှို့ရှင်းလင်းခဲ့သည်။

အဆိုပါ ပျားအမျိုးအစားမှာ တောင်အာရှနှင့် အရှေ့တောင်အာရှတွင် တွေ့ရသည့် Apis dorsata အမျိုးအစား ဖြစ်ပြီး နှောက်ယှက်ခံရပါက အလွန် ရန်လိုတိုက်ခိုက်တတ်သည့် အာရှပျားကြီး အမျိုးအစား ဖြစ်ကြောင်း သိရသည်။

Source;Thaiger