ထိုင်းကွန်ဒို ဈေးကွက်၌ ရုရှားနိုင်ငံသားများ ဝယ်ယူမှု ၇၅.၉% မြင့်တက်လာ၊ တရုတ်နှင့် မြန်မာ ကျဆင်း

ဘန်ကောက်၊ ဩဂုတ် ၃၁ (၂၀၂၆) – ၂၀၂၆ ပထမနှစ်ဝက်အတွင်း ထိုင်းနိုင်ငံရှိ နိုင်ငံခြားသား ကွန်ဒိုမီနီယံ ဈေးကွက်တွင် စုစုပေါင်း ဝယ်ယူမှုများ ကျဆင်းခဲ့သော်လည်း ရုရှားနိုင်ငံသားများ၏ ဝယ်လိုအား အဟုန်ရလာခြင်းကြောင့် အိမ်ခြံမြေ ဈေးကွက် ပုံစံ ပြောင်းလဲလာကြောင်း REIC စာရင်းများအရ သိရပါသည်။

ကွန်ဒို လွှဲပြောင်းမှု ၆,၅၃၃ ယူနစ် (တန်ဖိုး ဘတ် ၂၈.၂၆၇ ဘီလီယံ) ရှိခဲ့ပြီး ယခင်နှစ်ထက် ၁.၅% ကျဆင်းခဲ့သည်။

ရုရှားဝယ်ယူမှု တန်ဖိုးမှာ ဘတ် ၃.၆၀၃ ဘီလီယံ ဖိုးအထိ ၇၅.၉% မြင့်တက်ခဲ့ပြီး ဖူးခက်နှင့် ချွန်ဘူရီ (ပတ္တရား) ဒေသများတွင် အဓိက ဝယ်ယူခဲ့ကြသည်။တရုတ်ကတော့ စုစုပေါင်း ဘတ် ၆.၈၇၄ ဘီလီယံ ဖိုးဖြင့် ထိပ်ဆုံးမှ ဆက်လက်ရပ်တည်နေသော်လည်း ၂၇.၇% ကျဆင်းသွားခဲ့သည်။မြန်မာအနေနဲ့ စုစုပေါင်း ဘတ် ၂.၄၅၇ ဘီလီယံ ဖိုး (၁၆.၂% ကျဆင်း) ဝယ်ယူခဲ့ပြီး ဘန်ကောက်မြို့တော်ရှိ ကွန်ဒိုများကိုသာ အဓိက ဦးတည်ဝယ်ယူကြသည်။

ထိုင်းနိုင်ငံ၏ နိုင်ငံခြားသား ကွန်ဒို ဈေးကွက်သည် ပျက်စီးသွားခြင်း မဟုတ်ဘဲ ဝယ်ယူသည့် နိုင်ငံအလိုက် ဒေသနှင့် လိုအပ်ချက်များ ပြောင်းလဲလာခြင်းဖြစ်သည်။ ထို့ကြောင့် အိမ်ခြံမြေ တည်ဆောက်သူများ (Developers) အနေဖြင့် ရုရှား၊ တရုတ်နှင့် မြန်မာ ဝယ်လိုအား ပုံစံများကို သီးခြား ခွဲခြားပြင်ဆင်ရန် လိုအပ်လာပြီဖြစ်သည်။

Source;The Nation