ထိုင်းနိုင်ငံတွင် မိုးရာသီအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ပြန်လည်မြင့်တက်လာသော်လည်း ရောဂါပြင်းထန်မှုမရှိဘဲ သေဆုံးနှုန်းမှာ ၀.၀၂% အထိ သိသိသာသာ ကျဆင်းသွားကြောင်း ရောဂါထိန်းချုပ်ရေးဦးစီးဌာန (DDC) က သတင်းထုတ်ပြန်လိုက်ပါတယ်ဗျာ။
ဇန်နဝါရီ ၁ မှ ဩဂုတ် ၃၁ အထိ ကူးစက်သူ ၉၉,၆၉၁ ဦးနှင့် သေဆုံးသူ ၁၅ ဦး ရှိခဲ့ပြီး၊ လွန်ခဲ့သည့် နှစ်များနှင့် နှိုင်းယှဉ်ပါက ကူးစက်မှုနှုန်း အလွန်နည်းပါးနေသေးသည်။
ဘန်ကောက်၊ ချွန်ဘူရီနှင့် ဖူးခက်တို့တွင် ကူးစက်မှုနှုန်း အမြင့်ဆုံးတွေ့ရသည်။
အကင်းပါးသူ အသက် ၁ နှစ်အောက် ကလေးငယ်များတွင် လူကြီးများထံမှတစ်ဆင့် ကူးစက်မှု ပိုများသော်လည်း ရောဂါမပြင်းထန်ပေ။ သေဆုံးသူ ၁၅ ဦးအနက် ၁၄ ဦးမှာ ရောဂါအခံရှိသည့် အသက် ၆၀ အထက် သက်ကြီးရွယ်အိုများ ဖြစ်ကြသည်။
ထိုင်းတွင် ကူးစက်နေသည့် Omicron NB.1.8.1 မျိုးကွဲသည် ကူးစက်မှု မြန်သော်လည်း ရောဂါပြင်းထန်ခြင်း မရှိပေ။ အနံ့/အရသာ ပျောက်ခြင်းထက် ရိုးရိုးတုပ်ကွေးကဲ့သို့ ချောင်းဆိုး၊ လည်ချောင်းနာ၊ ဖျားခြင်း လက္ခဏာများသာ ပြသသည်။
မိုးရာသီအတွင်း ရိုးရိုးတုပ်ကွေး (ကူးစက်သူ ၃ သိန်းကျော်) နှင့် RSV ဗိုင်းရပ်စ် ကူးစက်မှုများလည်း လိုက်ပါမြင့်တက်လျက်ရှိသည်။
DDC က အွန်လိုင်းတွင် ပျံ့နှံ့နေသည့် သတင်းတုများကို မယုံကြရန်နှင့် ပုံမှန် တစ်ကိုယ်ရေ သန့်ရှင်းရေးသာ ဂရုစိုက်ကြရန် အသိပေးထားပါသည်။
Source;The Nation
