ထိုင်းနိုင်ငံ၊ ကန်ချနဘူရီ (Kanchanaburi) ခရိုင်၊ မြို့မရဲစခန်း ပို့ဆောင်ဆက်သွယ်ရေးနှင့် လမ်းကြောင်းထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များက တရားမဝင် ဝင်ရောက်လာသူများနှင့် ကူညီဆောင်ရွက်ပေးသူများကို စိစစ်ဖမ်းဆီးရေး စစ်ဆေးရေးဂိတ် ထူထောင်ဆောင်ရွက်စဉ် တရားမဝင် မြန်မာနိုင်ငံသား ၉ ဦးနှင့် ထိုင်းနိုင်ငံသား ၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်ဗျာ။
စက်တင်ဘာ ၂ ရက်နေ့၊ မွန်းလွဲ ၁၂:၀၀ နာရီတွင် ကန်ချနဘူရီမြို့နယ်၊ ထာ့မခမ်း (Tha Ma Kham) ရပ်ကွက်၊ အုပ်စု ၅ ရှိ Saeng Chuto လမ်း၊ မဲနမ့်ကွဲ သက်မွေးဝမ်းကျောင်း ကောလိပ်ရှေ့၌ ရဲစခန်းအကြီးအကဲများ၏ ညွှန်ကြားချက်ဖြင့် စစ်ဆေးရေးဂိတ် ထူထောင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံသား ၁ ဦးအား တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ဖမ်းဆီးရေးမှ လွတ်မြောက်စေရန် ကူညီပေးမှု၊ ဖုံးကွယ်ပေးမှုနှင့် ပို့ဆောင်ပေးမှု စသည့် စွပ်စွဲချက်များဖြင့် ဖမ်းဆီးပြီး မြန်မာနိုင်ငံသား ၉ ဦးအား ထိုင်းနိုင်ငံအတွင်းသို့ ခွင့်ပြုချက်မရှိဘဲ တရားမဝင် ဝင်ရောက်နေထိုင်မှု စွပ်စွဲချက်များဖြင့် ဖမ်းဆီးခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိသူ တရားခံ ၁၀ ဦးလုံးအား ဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်ရန်အတွက် ကန်ချနဘူရီ မြို့မရဲစခန်း စုံစမ်းစစ်ဆေးရေး အရာရှိထံ လွှဲပြောင်းပေးအပ်ထားပါသည်။ ကန်ချနဘူရီ ရဲတပ်ဖွဲ့အနေဖြင့် ဒေသတွင်း တရားဥပဒေ စိုးမိုးရေး၊ တရားမဝင် ရာဇဝတ်မှုများ ကာကွယ်တားဆီးရေးနှင့် ပြည်သူများ၏ လုံခြုံရေးအတွက် စစ်ဆေးမှုများကို ဆက်လက် တင်းကျပ် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။
Source;ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี
