ထိုင်းနိုင်ငံသည် ကုန်းလမ်း နယ်စပ်ဂိတ်များမှတစ်ဆင့် ဗီဇာကင်းလွတ်ခွင့် (Visa-Exempt) ဖြင့် ဝင်ရောက်သည့် နိုင်ငံခြားသားများအတွက် တစ်နှစ်လျှင် ၂ ကြိမ်သာ ခွင့်ပြုတော့မည်ဖြစ်ကြောင်း ထိုင်းအစိုးရ ပြန်တမ်းတွင် တရားဝင် ထုတ်ပြန်လိုက်ပါတယ်ဗျာ။ အဆိုပါ စည်းမျဉ်းသစ်သည် လာမည့် စက်တင်ဘာ ၁၅ ရက် မှစ၍ စတင် အသက်ဝင်မည် ဖြစ်သည်။
ကုန်းလမ်းနယ်စပ်မှ ဝင်ရောက်ပါက တစ်နှစ် (Calendar Year) တွင် ၂ ကြိမ်သာ ဗီဇာကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။ လေကြောင်းလိုင်း (Air Arrivals) မှတစ်ဆင့် ဝင်ရောက်သူများအတွက် အကန့်အသတ် မရှိပေ။
ဩဂုတ် ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် ဗီဇာမူဘောင်သစ်အရ ယခင် ရက် ၆၀ ခွင့်ပြုထားသည့် ဗီဇာကင်းလွတ်ခွင့်ကို ၃၀ ရက် သို့ ပြန်လည် လျှော့ချလိုက်သည်။
မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား နှင့် ဘရူနိုင်း ၄ နိုင်ငံသားများသည် ကုန်းလမ်းနယ်စပ်မှ အကန့်အသတ်မရှိ ဝင်ထွက်ခွင့် ပြုထားဆဲ ဖြစ်သည်။
ယခင် ၂၀၂၄ ခုနှစ် ဇူလိုင် ၁၅ ရက်မှစ၍ ကျင့်သုံးခဲ့သော ကုန်းလမ်းနယ်စပ်မှ အကြိမ်ကြိမ် ဝင်ထွက်ကာ ဗီဇာသက်တမ်းတိုးသည့် စနစ် (Border Run) ကို ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။
ထို့ကြောင့် ထိုင်းနိုင်ငံတွင် ရေရှည်နေထိုင်လိုသူများအနေဖြင့် Border Run ပြုလုပ်၍ မရတော့ဘဲ မိမိတို့၏ အခြေအနေနှင့် ကိုက်ညီသော ခရီးသွားဗီဇာ (Tourist Visa)၊ Destination Thailand Visa (DTV)၊ အငြိမ်းစားဗီဇာ သို့မဟုတ် စီးပွားရေး အလုပ်လုပ်ကိုင်ခွင့်ဗီဇာ (Non-Immigrant B) စသည့် တရားဝင် ဗီဇာများကို ပြောင်းလဲလျှောက်ထားကြရန် အကြံပြုထားသည်။
Source;Thaiger
