ကမ္ဘာကျော် အစားအသောက် ကုမ္ပဏီကြီးဖြစ်သည့်Nestléသည် ၎င်းတို့အား ဘတ် ၂၂ ဘီလီယံ (ခန့်မှန်းခြေ ကန်ဒေါ်လာ သန်း ၆၀၀ ကျော်) နစ်နာကြေး တောင်းခံထားသော ထိုင်းစီးပွားရေးလုပ်ငန်းရှင်Mahagitsiri မိသားစု၏ တရားစွဲဆိုမှု အမှုအခင်းများအား အဆုံးထိ ဆက်လက် တိုက်ပွဲဝင် ရင်ဆိုင်သွားမည်ဖြစ်ကြောင်း တရားဝင် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
၁၉၉၀ ပြည့်နှစ်တွင် Nestlé နှင့် Mahagitsiri မိသားစုတို့သည် Quality Coffee Products (QCP) အမည်ရှိ ဖက်စပ်ကုမ္ပဏီတစ်ခုကို အတူတကွ တည်ထောင်ခဲ့ကြသည်။ သို့သော် ၂၀၂၃ ခုနှစ်မှစ၍ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ချိုးဖောက်မှုနှင့် စီးပွားရေး ပျက်စီးအောင် ဆောင်ရွက်မှု စသည့် စွပ်စွဲချက်များဖြင့် နှစ်ဖက် အငြင်းပွားမှုများ စတင်ဖြစ်ပွားခဲ့သည်။
လက်ရှိတွင် အဆိုပါ အမှု ၇ မှုနီးပါးအနက် အမှု ၂ မှုကို ထိုင်းနိုင်ငံ မူပိုင်ခွင့်နှင့် နိုင်ငံတကာ ကုန်သွယ်ရေး တရားရုံး (Intellectual Property and International Trade Court) ၌ စစ်ဆေးလျက်ရှိပြီး ၂၀၂၆ ခုနှစ် သြဂုတ်လမှ နိုဝင်ဘာလအထိ ကြားနာစစ်ဆေးသွားရန် ချိန်းဆိုထားသည်။
အဆိုပါ အငြင်းပွားမှုတွင် နိုင်ငံတကာ ကုန်သည်ကြီးများ အသင်းမဟာမိတ် ခုံသမာဓိအဖွဲ့ (ICC) က ပါဝင်ပတ်သက်ခဲ့ပြီး၊ ၂၀၂၆ ခုနှစ် မတ်လတွင် နှစ်ဖက်စလုံး၏ ၂၀၁၄ ခုနှစ် သဘောတူညီချက်မှာ တရားမဝင်ကြောင်း ဆုံးဖြတ်ခဲ့သည်။ သို့သော် အဆိုပါ ခုံသမာဓိ ဆုံးဖြတ်ချက်ကို စင်ကာပူ တရားရုံးချုပ် (Singapore High Court) က ပြန်လည် ပယ်ဖျက်ပေးခဲ့ပြီးဖြစ်ကြောင်း Nestlé ဘက်မှ လျှောက်လဲ ထားသည်။
Nestlé က ၎င်းတို့အနေဖြင့် ထိုင်းနိုင်ငံအတွင်း တရားဥပဒေနှင့်အညီ မှန်ကန်စွာ လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ မဟာဂစ်စီရီ မိသားစု၏ တောင်းဆိုချက်များမှာ အခြေအမြစ်မရှိကြောင်းနှင့် အမှုအားလုံးကို ဥပဒေကြောင်းအရ အဆုံးထိ အနိုင်ယူသွားမည်ဟု အတည်ပြုထားသည်။
Source;Bangkok Post
