သောကြာနေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြင်းထန်စွာ ရေကြီးခဲ့ပြီးနောက် ဘန်ကောက်မြို့တော်ဝန် အဘိစစ် (Chadchart Sittipunt) က နောင်ချော့ (Nong Chok)၊ သွန်လွမ် (Suan Luang) နှင့် ခန်းနာယောင်း (Khan Na Yao) မြို့နယ် ၃ ခုကို သဘာဝဘေးအန္တရာယ် ကြုံတွေ့နေရသော ရေဘေးဒုက္ခသည်ဇုန်အဖြစ် စက်တင်ဘာ ၂၆ ရက်တွင် တရားဝင် ကြေညာလိုက်ပါတယ်။
နောင်ချော့၊ သွန်လွမ်နှင့် ခန်းနာယောင်း မြို့နယ်များအတွင်းရှိ တိုက်နယ် (Sub-districts) အများအပြား ပါဝင်ပြီး၊ ယင်းကြောင့် မြို့တော်အာဏာပိုင်များအနေဖြင့် ကယ်ဆယ်ရေး ရန်ပုံငွေများကို တိုက်ရိုက် ထုတ်ယူကာ ကူညီရေးလုပ်ငန်းများ စတင်နိုင်မည်ဖြစ်သည်။
ဘန်ကောက်ရှိ မြို့နယ်ရုံး ၅၀ လုံးအား ကယ်ဆယ်ရေးလုပ်ငန်းများ အရေးပေါ် ဆောင်ရွက်ရန် ညွှန်ကြားထားပြီး၊ လိုအပ်ပါက အခြားမြို့နယ်များကိုပါ ဒုက္ခသည်ဇုန်အဖြစ် တိုးချဲ့သွားမည်ဖြစ်သည်။
BMA စာသင်ကျောင်းများကို အရေးပေါ် ခိုလှုံရေးစခန်းများအဖြစ် ပြောင်းလဲပေးထားပြီး၊ အိပ်ရာထဲ လဲနေသူများနှင့် ထိခိုက်လွယ်အုပ်စုများကို လိုက်လံကူညီပေးလျက်ရှိသည်။ ထို့ပြင် ပျက်စီးဆုံးရှုံးမှုများအတွက် အစိုးရထံ နစ်နာကြေး တောင်းခံနိုင်ရန် သက်သေခံ စာရွက်စာတမ်းနှင့် ဓာတ်ပုံများ စုဆောင်းထားကြရန် အသိပေးထားသည်။
Source;ThaiPBS
