ဖေဖော်ဝါရီ ၈ ရက် ထိုင်းရွေးကောက်ပွဲတွင် မဲလက်မှတ်များပေါ်၌ Barcode နှင့် QR Code များ ထည့်သွင်းအသုံးပြုခဲ့ခြင်းသည် မဲဆန္ဒရှင်များ၏ လျှို့ဝှက်မဲပေးပိုင်ခွင့်ကို ထိခိုက်စေခြင်း ရှိမရှိနှင့် ပတ်သက်၍ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ယနေ့ (စက်တင်ဘာ ၂၈ ရက်) မွန်းလွဲ ၂ နာရီတွင် အပြီးသတ် အမိန့်ဒီကရီ ဒီဂရီ ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း သိရပါတယ်ဗျာ။
အဆိုပါအမှုသည် ပြည်သူ့နီးစပ်ရာ အိုမ်ဘတ်စ်မန်း (Ombudsman) ရုံးထံ တိုင်ကြားစာ ၂၂ စောင် ရောက်ရှိခဲ့ပြီးနောက် ခုံရုံးသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ မဲလက်မှတ်များပေါ်ရှိ ကုတ်နံပါတ်များမှတစ်ဆင့် မဲဆန္ဒရှင် မည်သူမည်ဝါဖြစ်ကြောင်းနှင့် မဲပေးခဲ့သည့် ပုံစံကို နောက်ကြောင်းပြန် လိုက်ကြည့်နိုင်ဖွယ်ရှိသဖြင့် လျှို့ဝှက်မဲပေးခွင့်ကို ချိုးဖောက်ရာ ရောက်နိုင်သည်ဟု စွပ်စွဲထားကြသည်။
ချူလာလောင်ကွန်း တက္ကသိုလ် (Chulalongkorn University) မှ ဥပဒေပညာရှင် မနိတ် ဂျမ်ပါ (Manit Jumpa) ၏ သုံးသပ်ချက်အရ ခုံရုံးအနေဖြင့် အောက်ပါ အခြေအနေ ၃ မျိုးအနက် တစ်ခုခုကို ဆုံးဖြတ်နိုင်သည်-
၁။ တိုင်ကြားစာကို ပယ်ချခြင်း (မဲရလဒ် အတည်ဖြစ်): Barcode သုံးစွဲမှုသည် လျှို့ဝှက်မဲပေးခြင်းကို မထိခိုက်ဟု ဆုံးဖြတ်ပါက အမှုပြီးဆုံးမည်ဖြစ်သည်။
၂။ ရွေးကောက်ပွဲကို အပျက်ပျယ် ကြေညာခြင်း (မဲပြန်ပေးရမည်): Barcode များကြောင့် မဲပေးမှု လျှို့ဝှက်ချက် ထိခိုက်ခဲ့သည်ဟု ခုံရုံးက တွေ့ရှိပါက ၂၀၂၆ ရွေးကောက်ပွဲ ရလဒ်တစ်ခုလုံး ပျက်ပြယ်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲသစ် ပြန်လည်ကျင်းပရမည်ဖြစ်သည်။
၃။ မဲရလဒ် အတည်ပြုသော်လည်း အနာဂတ်အတွက် တားမြစ်ခြင်း: ယခုမဲပေးမှုတွင် မဲဆန္ဒရှင်များကို အမှန်တကယ် နောက်ကြောင်းပြန် လိုက်ကြည့်ခဲ့သည့် သက်သေမရှိသဖြင့် ရွေးကောက်ပွဲကို အတည်ပြုမည်ဖြစ်သည်။ သို့သော် အနာဂတ် ရွေးကောက်ပွဲများတွင် ဥပဒေ ပြင်ဆင်ခြင်းမရှိဘဲ Barcode များ ဆက်လက် မသုံးရန် ရွေးကောက်ပွဲကော်မရှင် (EC) ကို တားမြစ်မည်ဖြစ်သည်။
Source;Bangkok Post
