တစ်ပတ်တာ Zodiac ဟောစာတမ်း ( ဩဂုတ်် ၉ ရက်မှ  ဩဂုတ်် ၁၉ ရက်နေ့အထိ)

မိဿရာသီ (Aries)

အသုံးစရိတ် လွန်စွာများပြီး အဆင်မပြေဖြစ်တတ်သည်။ မသမာသော လက်ဆောင်များ ရရှိပါက ပြဿနာတက်နိုင်၍ ငြင်းပယ်ပါ။ အပေါင်းအသင်းများပြားသော်လည်း သူတစ်ပါး ပဋိပက္ခနှင့် မဆိုင်သော အလုပ်များတွင် ဝင်မပါပါနှင့်။ အချစ်ရေးတွင် “ငွေကုန်လျှင် အချစ်ပါပြေးမည်” ကို သတိပြုပါ။

♉ ပြိဿရာသီ (Taurus)

သားသမီးနှင့် လက်အောက်ငယ်သားများ၏ ပြဿနာကို အပြစ်မတင်ဘဲ နားလည်ပေးပါ။ လူမှုအသိုင်းအဝိုင်းမြင့်သော မိတ်ဆွေသစ်များ ရမည်ဖြစ်သော်လည်း လူဆန်းများနှင့် နိုင်ငံခြားသားများကို ခဏရှောင်ပါ။ ငွေကြေးသုံးစွဲမှု မဆင်ခြင်ပါက ယိုင်နဲ့သွားနိုင်သည်။ ချစ်သူ/အိမ်ထောင်ဖက်ထံမှ လာဘ်ရမည်။

♊ မေထုန်ရာသီ (Gemini) 

သားသမီးနှင့် လက်အောက်ငယ်သားများ၏ ပြဿနာကို အပြစ်မတင်ဘဲ နားလည်ပေးပါ။ လူမှုအသိုင်းအဝိုင်းမြင့်သော မိတ်ဆွေသစ်များ ရမည်ဖြစ်သော်လည်း လူဆန်းများနှင့် နိုင်ငံခြားသားများကို ခဏရှောင်ပါ။ ငွေကြေးသုံးစွဲမှု မဆင်ခြင်ပါက ယိုင်နဲ့သွားနိုင်သည်။ ချစ်သူ/အိမ်ထောင်ဖက်ထံမှ လာဘ်ရမည်။

♋ ကရကဋ်ရာသီ (Cancer)

ကျန်းမာရေး သွေးလေမမှန်ခြင်းနှင့် ဓာတ်မတည့်ခြင်းများ ကြုံရတတ်သည်။ အလုပ်တွင် စိတ်ပူစရာများရှိပြီး လက်အောက်ငယ်သားအား အပြည့်အဝ မလွှဲထားပါနှင့်။ ရာထူးတာဝန်များပြား လာမည်ဖြစ်သော်လည်း နိုင်ငံခြားနှင့် ဆက်စပ်သောအလုပ်များတွင် စကားများရတတ်သည်။

♌ သိဟ်ရာသီ (Leo)

စကားကို ပွင့်လင်းမြန်ဆန်စွာ ပြောမိ၍ သူတစ်ပါး အထင်လွဲခြင်း၊ အထက်လူကြီးနှင့် အောက်ငယ်သားများ စိတ်ဆိုးခြင်းများ ကြုံရမည်။ ငွေကြေးကုန်ကျမှု များမည်။ လူကြီးသူမများထံ အကူအညီတောင်းပါက ထိရောက်မည်မဟုတ်သဖြင့် စကားကို ဆင်ခြင်ပါ။ ချစ်သူထံမှ လာဘ်ရသော်လည်း သံသယဖြစ်ဖွယ်ကိစ္စများကို ရှောင်ပါ။

♍ ကန်ရာသီ (Virgo)

လာဘ်လာဘနှင့် ဂုဏ်သတင်းများ ဝင်ရောက်လာမည်။ ရာထူးတိုး၍ ဝင်ငွေတိုးမည်ဖြစ်သော်လည်း လျှို့ဝှက်ချက်များနှင့် မရိုးသားသော သဘောတူညီမှုများ မလုပ်ပါနှင့် (ပေါက်ကြားလွယ်သည်)။ ပြန်ကြားရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး အလုပ်များ အလွန်အကျိုးပေးမည်။

♎ တူရာသီ (Libra)

အမှန်တရားကို လှည့်ပတ်ပြောပါက ပြိုင်ဘက် ရန်သူ ပိုများလာမည်။ တာဝန်ယူရသော အလုပ်များ ပိုမိုလေးလံလာမည်ဖြစ်ပြီး နာတာရှည်ရောဂါ သတိထားပါ။ မိသားစုနှင့် သားသမီးများကြား ပဋိပက္ခကို ကြားဝင်ဖြေရှင်းပေးပါ။ ချစ်သူနှင့် နီးကပ်စွာရှိမည်ဖြစ်သော်လည်း မေထုန်ရာဂပိုင်း လိုအပ်ချက်များရှိမည်။

♏ ဗြိစ္ဆာရာသီ (Scorpio)

ဒေါသကို ကောင်းစွာ ထိန်းချုပ်နိုင်သဖြင့် ပြိုင်ဘက်များကို အနိုင်ရမည်။ အကြွေးတောင်းခံရခြင်းနှင့် ငွေကြေးကျပ်တည်းခြင်းများ ရှိသော်လည်း ရဲရင့်စွာ တာဝန်ယူပါက အဆင့်မြင့်အလုပ်များနှင့် ပညာရေးတွင် အောင်မြင်မှု ရရှိမည်။ လွန်ကဲသော စွန့်စားမှုများကို ရှောင်ပါ။

♐ ဓနုရာသီ (Sagittarius)

ရုတ်တရက် ခရီးမကြာခဏ ထွက်ရတတ်သည်။ အလုပ်အကိုင် အခွင့်အလမ်းများ လွဲချော်တတ်ပြီး အထက်လူကြီးများ အလှမ်းဝေးသွားမည်။ စကားပြောဆိုရာတွင် သတိထားပါ။ စာမေးပွဲများနှင့် အပြိုင်အဆိုင်များတွင် အားနည်းတတ်သည်။ ချစ်သူ၊ အိမ်ထောင်ဖက်နှင့် ခဏတာ ဝေးကွာနေရတတ်သည်။

မကာရရာသီ (Capricorn)

မမျှော်လင့်ထားသော လက်ဆောင်နှင့် လျှို့ဝှက်လုပ်ငန်းများမှ ဝင်ငွေရမည်။ သို့သော် ဆွေမျိုးများကြောင့် စိတ်ရှုပ်ရပြီး မိတ်ဆွေသစ်များနှင့် အသင်းအဖွဲ့ ပိုလုပ်မိမည်။ ကျန်းမာရေး ကူးစက်ရောဂါ သတိထားပါ။ လူပျိုလူလွတ်များထံ ဆန့်ကျင်ဘက်လိင်များစွာ ချဉ်းကပ်လာမည်။

ကုမ်ရာသီ (Aquarius) 

စွန့်စားရသော လျှို့ဝှက်လုပ်ငန်းများကို လုပ်ချင်စိတ်များနေမည်။ ရန်သူများပြားသဖြင့် စကားကို အထူးဆင်ခြင်ပါ။ ကလေးများကို ဆူပူပါက မိဘများနှင့် ပြဿနာတက်တတ်သည်။ ဝင်ငွေနှင့် လာဘ်လာဘများ ပိတ်ဆို့နေမည်။ ချစ်သူနှင့် စကားများရလွယ်သဖြင့် လူပျိုလူလွတ်များ တစ်ကောင်ကြွက်ပဲ နေပါ။

♓ မိန်ရာသီ (Pisces)

စိတ်ဓာတ်ကြံ့ခိုင်ပြီး အလုပ်များကို အေးဆေးစွာ ဖြေရှင်းနိုင်မည်။ အထက်လူကြီးနှင့် လက်အောက်ငယ်သားကောင်းများ၏ ကူညီမှုဖြင့် အလုပ်နှင့် ပညာရေး အလွန်အဆင်ပြေမည်။ မကောင်းသော အပျော်အပါးများကို ရှောင်ပါက အောင်မြင်မည်။ ချစ်သူနှင့် စာချုပ်ဖက်များက မိမိစကားကို အလေးထား နားထောင်ကြမည်။

Source; Khaosod