ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်အတွင်း အောက်တိုဘာ ၁ ရက် မွန်းလွဲပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခိုက်ခဲ့စဉ် မြို့နယ်အချို့၌ ခဲမိုး (Hailstorm) များ ရွာသွန်းခဲ့သဖြင့် ဒေသခံ ပြည်သူများ အံ့အားသင့်ခဲ့ကြရပြီး၊ လက်ရှိ ဖြစ်ပေါ်နေသော ရေကြီးရေလျှံမှုများ ပိုမိုဆိုးရွားလာမည်ကို လူမှုကွန်ရက်ပေါ်တွင် စိုးရိမ်ပူပန်လျက် ရှိကြပါတယ်ဗျာ။
အောက်တိုဘာ ၁ ရက် မွန်းလွဲ ၄:၀၀ နာရီခန့်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ လတ်ဖရောက် (Lat Phrao)၊ စတုစက် (Chatuchak)၊ လပ်ဆီ (Lak Si)၊ ရာချာဒါဖိသတ် (Ratchadaphisek) နှင့် မိုချစ် (Mo Chit) စသည့် ဧရိယာများတွင် မိုးသီးများ ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
ဘန်ကောက်မြို့တွင် မိုးသီးကျခြင်းမှာ အလွန်ရှားပါးသော ဖြစ်စဉ်တစ်ခုဖြစ်သဖြင့် ဒေသခံ အချို့က ၎င်းတို့ဘဝတွင် ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။
ထိုင်းမိုးလေဝသ ဌာန၏ မွန်းလွဲ ၂:၄၀ နာရီ တိုင်းထွာချက်အရ နခွန်နာယုတ် (Nakhon Nayok)၊ ဘန်ကောက် တောင်ပိုင်းနှင့် စမုတ်စာခွန် (Samut Sakhon) တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းခဲ့သည်။
ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့ (BMA) ၏ ထုတ်ပြန်ချက်အရ Suan Luang, Bang Kapi, Chatuchak, Phaya Thai, Din Daeng, Watthana, Bang Sue, Bang Phlat, Taling Chan, Bang Khae, Thawi Watthana, Nong Khaem နှင့် Khlong Toei မြို့နယ်များတွင် မိုးပေါ့မှ မိုးအသင့်အတင့် ဆက်လက် ရွာသွန်းခဲ့သည်။
လေပြင်းတိုက်ခိုက်မှုနှင့် မိုးသီးများကြောင့် နေအိမ်များနှင့် မော်တော်ယာဉ်များ ထိခိုက်ပျက်စီးနိုင်သဖြင့် သတိပြုကြရန်နှင့် ယာဉ်မောင်းသူများအနေဖြင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြင်ကွင်းမရှင်းဘဲ လမ်းများ ချောနေနိုင်သဖြင့် ဂရုစိုက် မောင်းနှင်ကြရန် သတိပေးထားသည်။
ဘန်ကောက်မြို့တွင်း မြို့နယ်အများအပြား၌ ရေကြီးရေလျှံမှုများ ရင်ဆိုင်နေရဆဲ ဖြစ်သဖြင့် ယခုကဲ့သို့ ထပ်မံ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေဘေးအခြေအနေ ပိုမိုဆိုးရွားလာမည်ကို လူမှုကွန်ရက်ပေါ်တွင် ထိုင်းပြည်သူများက စိုးရိမ်ပူပန်ကြောင်း ဖော်ပြနေကြသည်။
Source;Thaiger
