ဥရောပတိုက် အနှံ့အပြားရှိ မြို့ကြီးများတွင် ပင်စင်လစာ အခွင့်အရေး၊ အိမ်ရာဈေးနှုန်း၊ ပညာရေး၊ အဂတိလိုက်စားမှုနှင့် စစ်ပွဲဆန့်ကျင်ရေး အပါအဝင် လူမှုရေးဆိုင်ရာ မကျေနပ်ချက်မျိုးစုံကြောင့် ပြည်သူထောင်ပေါင်းများစွာ လမ်းပေါ်ထွက် ဆန္ဒပြလျက်ရှိကြရာ ရဲတပ်ဖွဲ့နှင့် အကြမ်းဖက် ထိတွေ့မှုများ ဖြစ်ပွားလျက်ရှိပါတယ်။
🇫🇷 ပြင်သစ် – ဖမ်းဆီးရမိသူ ၂,၄၀ဝ ခန့်နှင့် ပြင်းထန်သော ရုန်းရင်းဆန်ခတ်မှုများ
-လုံခြုံရေး တင်းကြပ်မှု: အကြမ်းဖက်မှုများ ပိုမိုဆိုးရွားလာသဖြင့် အာဏာပိုင်များက မြို့တော်များတွင် လုံခြုံရေးရဲတပ်ဖွဲ့နှင့် စစ်တပ်များကိုပါ အမြောက်အမြား တပ်လှန့်ချထားခဲ့သည်။
-ထိခိုက်သေဆုံးမှုနှင့် ဖမ်းဆီးမှု: ဆန္ဒပြပွဲများကို ပိတ်ပင်တားဆီးထားသည့်ကြားမှ ပါရီအပါအဝင် မြို့ကြီးအချို့တွင် ပြင်းထန်သော ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ လူ ၂,၄၀ဝ ခန့် ဖမ်းဆီးခံခဲ့ရသည်။ ရဲတပ်ဖွဲ့ဝင် ၁,၀ဝ၀ နီးပါးနှင့် ပါရီမြို့တစ်မြို့တည်း၌ပင် ဆန္ဒပြသူနှင့် မြို့ခံ ၁၀ဝ ခန့် ဒဏ်ရာရရှိခဲ့သည်။
🇦🇱 အယ်လ်ဘေးနီးယား – ကျောင်းသားများနှင့် အတိုက်အခံများ၏ ရဲတပ်ဖွဲ့နှင့် ထိတွေ့မှု
-မျက်ရည်ယိုဗုံး အသုံးပြုခံရမှု: အယ်လ်ဘေးနီးယားမြို့တော် တီရာနာ (Tirana) တွင် စနေနေ့က အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူ ထောင်ပေါင်းများစွာ စုဝေးခဲ့ကြသဖြင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ ပစ်ခတ် လူခွဲခဲ့ရသည်။
-အစိုးရအဆောက်အအုံများ တိုက်ခိုက်ခံရမှု: အောက်တိုဘာလလယ်မှစ၍ အစိုးရအဆောက်အအုံများ တိုက်ခိုက်ခံခဲ့ရပြီး ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင် ပေါင်း ၃၀ဝ ကျော် ဒဏ်ရာရရှိခဲ့ကာ ဆန္ဒပြသူ အများအပြား ထိန်းသိမ်းခံခဲ့ရသည်။
🇮🇹 အီတလီ – မြို့ကြီးများတွင် မိုင်နိုကလေးသူငယ်များအပါအဝင် ရာပေါင်းများစွာ ထိန်းသိမ်းခံရ
-မြို့ကြီးများရှိ ဆန္ဒပြပွဲများ: မီလန်၊ ရောမ၊ တူးရင်၊ နာပိုလီ၊ ဘိုလော့ဂ်နာနှင့် ဖလောရင့်စ် မြို့များတွင် ဆန္ဒပြသူများက ပုလင်းများ၊ ကျောက်ခဲများနှင့် မီးရှူးမီးပန်းများဖြင့် ပစ်ခတ်ခဲ့ကြသည်။
-ဖမ်းဆီးထိန်းသိမ်းမှု: အီတလီရဲတပ်ဖွဲ့က မြို့ ၈ မြို့တွင် လူ ၉ ဦးကို ဖမ်းဆီးခဲ့ပြီး ၃၇၁ ဦးကို ခေတ္တထိန်းသိမ်းခဲ့သည်။ ထိန်းသိမ်းခံရသူများထဲတွင် အသက်မပြည့်သေးသည့် ကလေးသူငယ် (Minors) ၁၁၀ ဦး ပါဝင်ကြောင်း ထုတ်ပြန်ခဲ့သည်။
🇪🇸 🇵🇹 စပိန်နှင့် ပေါ်တူဂီ – ပင်စင်အခွင့်အရေးနှင့် သက်သာသော အိမ်ရာများအတွက် တောင်းဆိုမှု
-မက်ဒရစ်မြို့တောင်းဆိုချက်များ: စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ဆန္ဒပြသူများသည် ပင်စင်လစာ တိုးမြှင့်မှုကို ကုန်ဈေးနှုန်း ကြီးမြင့်မှု (Inflation) နှင့် ချိတ်ဆက်ပေးရန်၊ အနည်းဆုံး ပင်စင်လစာကို အနည်းဆုံး လုပ်ခလစာအတိုင်း သတ်မှတ်ပေးရန်နှင့် ပြည်သူ့ပင်စင်စနစ်ကို ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းမှ ကာကွယ်ပေးရန် တောင်းဆိုခဲ့ကြသည်။
Source;euronews
