ထိုင်းနိုင်ငံ၊ ဖူးခက် (Phuket) ခရိုင်၊ ပတောင် (Patong) မြို့တွင် တနင်္လာနေ့ နံနက်ပိုင်းက လျှပ်တစ်ပြက် ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီးနောက် လမ်းမများပေါ်ရှိ ရွှံ့နွံများကို ရှင်းလင်းရန်နှင့် ထိခိုက်ခံစားရသူများကို ကူညီရန် အာဏာပိုင်များက အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များကို စေလွှတ်၍ ရှင်းလင်းရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပါတယ်။
ကထူး (Kathu) မြို့နယ်၊ ပတောင်မြို့ရှိ စိုးနာနိုင်း ၅ (Soi Nanai 5) နှင့် Soi Nanai 8 လမ်းများအတွင်းသို့ တောင်ပေါ်မှ ရွှံ့နွံများနှင့် အမှိုက်သရိုက်များ စီးဆင်း ပိတ်ဖုံးခဲ့သဖြင့် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။
ဖူးခက်ခရိုင်အုပ်ချုပ်ရေးမှူး Sophon Suwannarat နှင့် တာဝန်ရှိသူများသည် အခင်းဖြစ်နေရာသို့ သွားရောက်ကြည့်ရှုခဲ့ပြီး မြေကူးစက်များ (Excavators) နှင့် စက်ကိရိယာအကူအညီဖြင့် ရွှံ့နွံများကို ရှင်းလင်းခြင်း၊ ရေမြောင်းများ ပို့ချမှု မရှိစေရန် ဆောင်ရွက်ခြင်းများ ပြုလုပ်လျက် ရှိသည်။
ထိခိုက်ခံစားရသူများအတွက် ယာယီခိုလှုံရေးစခန်း ၃ ခုနှင့် အကူအညီပေးရေးစခန်းတစ်ခု တည်ထောင်ပေးထားပြီး၊ ဖူးခက်ကြက်ခြေနီအသင်းက အရေးပေါ် စာနပ်ရိက္ခာ ထမင်းဗူး ၃၀၀ ကို ပြင်ဆင်ဖြန့်ဝေပေးလျက် ရှိပါတယ်။
ဖူးခက်ခရိုင် ရဲတပ်ဖွဲ့မှူး Surachai Suksai ကလည်း ရဲတပ်ဖွဲ့ဝင်များအား ကူညီရေးလုပ်ငန်းများတွင် ပါဝင်ရန် ညွှန်ကြားထားသည်။ ဒေသခံများနှင့် စီးပွားရေးလုပ်ငန်းရှင်များသည် ဆိုင်များနှင့် အိမ်များကို ပြန်လည်ရှင်းလင်းနေကြသော်လည်း မိုးဆက်လက်ရွာသွန်းနိုင်ခြေ ရှိနေသေးသဖြင့် နောက်ဆက်တွဲ ရေကြီးမှုများ ဖြစ်ပွားမည်ကို စိုးရိမ်လျက် ရှိကြပါတယ်။
Source;ThiPBS
