ထိုင်းနိုင်ငံသည် အွန်လိုင်း ငွေလိမ်ဂိုဏ်းများနှင့် နည်းပညာဆိုင်ရာ ရာဇဝတ်မှုများကို နှိမ်နင်းရန်အတွက် လာမည့် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ကာ “No ID, No Ads” မူဝါဒအောက်တွင် လူမှုကွန်ရက် Paid ကြော်ငြာများအတွက် အထောက်အထား စိစစ်ခြင်းများကို တင်းကျပ်စွာ စတင်ကျင့်သုံးတော့မည် ဖြစ်ပါတယ်။
Facebook, Instagram, TikTok အပါအဝင် ထိုင်းနိုင်ငံအတွင်းရှိ ကြည့်ရှုသူများကို ပစ်မှတ်ထား၍ ကြော်ငြာမည့် ပြည်တွင်း/ပြည်ပ ကြော်ငြာရှင်များ အားလုံးတွင် အကျုံးဝင်မည် ဖြစ်သည်။
ပြည်ပ ကြော်ငြာရှင်များအနေဖြင့် ထိုင်းနိုင်ငံသို့ လာရောက်ရန် မလိုဘဲ မိမိတို့နိုင်ငံ အစိုးရမှ ထုတ်ပေးထားသော တရားဝင် အထောက်အထားများဖြင့် ပလပ်ဖောင်းများ၏ စနစ်မှတစ်ဆင့် လျှောက်ထားနိုင်သည်။
ပလပ်ဖောင်းများသည် ကြော်ငြာရှင်နှင့် ငွေချေသူ၏ အချက်အလက်များကို ကြော်ငြာ ကုန်ဆုံးပြီးနောက် အနည်းဆုံး ရက်ပေါင်း ၉၀ ထိ သိမ်းဆည်းရမည်ဖြစ်ပြီး၊ စည်းမျဉ်း လိုက်နာရန် ပျက်ကွက်ပါက အွန်လိုင်း လိမ်လည်မှု ဆုံးရှုံးမှုများတွင် ဥပဒေအရ ပူးတွဲ တာဝန်ယူရမည် ဖြစ်သည်။
ဒစ်ဂျစ်တယ် စီးပွားရေးနှင့် လူမှုအဖွဲ့အစည်း ဝန်ကြီးဌာန (DES) အနေဖြင့် စီးပွားရေး လုပ်ငန်းများ၊ အွန်လိုင်း ရောင်းချသူများနှင့် အေဂျင်စီများအား နိုဝင်ဘာ ၁ ရက် မတိုင်မီ တရားဝင် အထောက်အထား စာရွက်စာတမ်းများကို ကြိုတင် ပြင်ဆင်ထားကြရန် တိုက်တွန်းထားပါတယ်။
Source;Khaosod
