စမုဆုံခရမ်တွင် Work Permit မရှိသည့် မြန်မာလုပ်သား ၂၁ ဦးနှင့် တရုတ်ကြီးကြပ်သူ ၁ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ စမုဆုံခရမ် (Samut Songkhram) ခရိုင်ရှိ ငါးစာသိုလှောင်ရုံ ဆောက်လုပ်ရေး စိုက်ခင်းတစ်ခုတွင် တရားမဝင် နိုင်ငံခြားသား လုပ်သားများ အလုပ်လုပ်ကိုင်နေကြောင်း သတင်းပေးချက်အရ အာဏာပိုင်များက အင်္ဂါနေ့ (အောက်တိုဘာ ၂၇ ရက်) မွန်းလွဲပိုင်းတွင် ကွင်းဆင်း စစ်ဆေးခဲ့ရာ အလုပ်လုပ်ကိုင်ခွင့် (Work Permit) မရှိသော မြန်မာလုပ်သား ၂၁ ဦးနှင့် တရုတ်နိုင်ငံသား လုပ်ငန်းခွင် ကြီးကြပ်သူတစ်ဦးကို ဖမ်းဆီးအရေးယူလိုက်ပါတယ်။

မောင်း (Muang) မြို့နယ်၊ ဘန်းကဲအို (Bang Kaeo) ရပ်ကွက်ရှိ ဆောက်လုပ်ရေး စိုက်ခင်းအတွင်း တရားဝင် နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် စာရွက်စာတမ်း မရှိဘဲ လုပ်ကိုင်နေသည့် မြန်မာအမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၅ ဦး (စုစုပေါင်း ၂၁ ဦး) ကို စစ်ဆေးတွေ့ရှိခဲ့ပြီး တရားမဝင် ဝင်ရောက်နေထိုင်မှု၊ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်မှုတို့ဖြင့် တရားစွဲဆိုထားသည်။

လုပ်ငန်းခွင် တာဝန်ခံ တရုတ်နိုင်ငံသား GUANGZHI CAO ဆိုသူမှာ ကမ္ဘာလှည့် ခရီးသွားဗီဇာ (Tourist Visa) ဖြင့် တရားဝင် ဝင်ရောက်ထားသူ ဖြစ်သော်လည်း အလုပ်လုပ်ကိုင်ခွင့် ကတ်မရှိဘဲ လုပ်ငန်းခွင် ကြီးကြပ်နေသဖြင့် တရားမဝင် အလုပ်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးခဲ့ရာ စုစုပေါင်း ၂၂ ဦး အရေးယူခံထားရသည်။

အာဏာပိုင်များက တရားမဝင် လုပ်သားများကို အလုပ်ပေးထားသည့် ဆောက်လုပ်ရေး ကန်ထရိုက်တာနှင့် ၎င်းတို့ကို လက်ခံထားရှိသူများကိုပါ ဥပဒေအရ ဆက်လက် အရေးယူသွားမည်ဖြစ်သည်။

ဖမ်းဆီးရမိသူ ၂၂ ဦးစလုံးကို မောင်းစမုဆုံခရမ် ရဲစခန်းသို့ လွှဲပြောင်းပေးထားပြီး၊ ဆောက်လုပ်ရေး ကဏ္ဍတွင် တရားမဝင် နိုင်ငံခြားသား လုပ်သားများ အသုံးပြု၍ လုပ်ခလစာ လျှော့ချစရာယူမှုများက ဒေသခံများ၏ အလုပ်အကိုင်နှင့် စီးပွားရေး လုံခြုံရေးကို ထိခိုက်စေနိုင်သဖြင့် ဆက်လက် စောင့်ကြည့် စစ်ဆေးသွားမည်ဟု အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။

Source;Khaosod