ထိုင်းနိုင်ငံ၊ ပရာကျွပ်ခီရီခန် (Prachuap Khiri Khan) ခရိုင်ရှိ ကွီဘူရီ အမျိုးသားဥယျာဉ် (Kui Buri National Park) အတွင်း မိုးသည်းထန်စွာ ရွာသွန်းနေချိန်၌ တောဆင်ရိုင်းအုပ်ကြီး သစ်ပင်ကြီးများအောက်တွင် စုဝေးမိုးခိုနေကြသည့် ချစ်စဖွယ် သဘာဝပုံရိပ်များအား ပန်းခြံတာဝန်ရှိသူများက လူမှုကွန်ရက်ပေါ်တွင် ဖော်ပြခဲ့ရာ သဘာဝချစ်သူများအကြား ရေပန်းစားလျက်ရှိပါတယ်ဗျာ။
ကွီဘူရီ အမျိုးသားဥယျာဉ်၏ တရားဝင် Facebook စာမျက်နှာတွင် “မိုးရွာနေလို့… ခဏလောက် မိုးခိုကြရအောင်” ဆိုသည့် စာသားနှင့်အတူ မိုးရေစက်များအောက်၌ သစ်ပင်ကြီးများ၏ အုပ်ဆိုင်းနေသော သစ်ခက်များအောက်တွင် စုဝေးနေကြသည့် ဆင်အုပ်၏ ပုံရိပ်များကို မျှဝေခဲ့ခြင်းဖြစ်သည်။
မိုးရွာသွန်းပြီးနောက် စိမ်းလန်းစိုပြေနေသော တောအုပ်ကြီးကို နောက်ခံထား၍ ဆင်အုပ်ကြီး အတူတကွ မိုးခိုနေပုံမှာ ကြည့်ရှုသူများကို ပြုံးရွှင်စေခဲ့ပြီး “တောရိုင်းတိရစ္ဆာန်များ၏ ပျော်ရွှင်မှုသည် သဘာဝတရားက ပေးအပ်သည့် ဆုလာဘ်ဖြစ်သည်” ဟု ပန်းခြံက ရေးသားထားသည်။
အဆိုပါ ပုံရိပ်များသည် သဘာဝဘေးနှင့် မိုးသည်းထန်သည့် ရာသီဥတုကြားတွင်ပင် တောရိုင်းတိရစ္ဆာန်များ၏ နွေးထွေးသော လုံခြုံရေးရှာဖွေမှုနှင့် သဘာဝတရား၏ အလှတရားကို ဖော်ညွှန်းနေပါသည်။
Source;Khaosod
