ထိုင်းနိုင်ငံ၊ ဖယအို (Phayao) ခရိုင်၊ ဖူးဆန် (Phu Sang) မြို့နယ်ရှိ စက်ဆန်းဈေးတစ်ခုတွင် ၁,၀၀၀ ဘတ်တန် ငွေစက္ကူအတုများ ပါဝင်သုံးစွဲခံခဲ့ရသဖြင့် ဈေးသည်များ အမြတ်ငွေ အဆုံးအရှုံး ခံခဲ့ရပြီးနောက် အချင်းချင်း သတိပေးမှုများ ပြုလုပ်နေကြပါတယ်။
စုံစမ်းစစ်ဆေးချက်များအရ အဆိုပါ ငွေစက္ကူအတုများကို ကုန်စုံဆိုင်တစ်ဆိုင်နှင့် ဝက်သားဆိုင်တစ်ဆိုင်တို့တွင် ဝယ်ယူသူများက ပေးချေသွားခဲ့ခြင်း ဖြစ်သည်။
ဝက်သားရောင်းသူ Wannika Chaisri ၏ ပြောကြားချက်အရ သီတင်းကျွတ် ပွဲတော် မတိုင်မီတစ်ရက် ဈေးအတွင်း လူစည်ကားနေချိန်တွင် ဝယ်ယူသူတစ်ဦးထံမှ ၁,၀၀၀ ဘတ်တန် ရရှိခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ဘဏ် ATM စက်၌ ငွေသွားရောက်ထည့်သွင်းရာ စက်မှ လက်မခံဘဲ ဖြစ်နေသဖြင့် ငွေစက္ကူအတု စစ်ဆေးသည့် စတိုင်လ်ပင် (Counterfeit Pen) ဖြင့် စစ်ဆေးကြည့်ရာမှ အတုဖြစ်ကြောင်း သိရှိခဲ့ရသည်။
အခြားဈေးသည်တစ်ဦးဖြစ်သူ Wiw Wichaivut ကလည်း ၁,၀၀၀ ဘတ်တန် အတုတစ်ရွက် ရရှိခဲ့ပြီး စက်ပစ္စည်းစစ်ဆေးမှုအပြင် ရေထဲသို့ ထည့်သွင်းစမ်းသပ်ရာ စက္ကူအစစ် မဟုတ်ဘဲ ရေစုတ်ယူကာ အဖတ်များ ကွာကျသွားသည်ကို တွေ့ရှိခဲ့ရသည်။
ဈေးသည်များသည် အဆိုပါ ဘတ်တန်အတုများကို ဖျက်ဆီးနိုင်ရန်အတွက် ဇင်းခမ်း (Chiang Kham) မြို့နယ်ရှိ ဘဏ်ခွဲတစ်ခုမှတစ်ဆင့် ထိုင်းဗဟိုဘဏ် (Bank of Thailand) သို့ ပေးပို့အပ်နှံနိုင်ရန် ပူးပေါင်းဆောင်ရွက်ထားကြသည်။
လက်ရှိတွင် အဆိုပါ ငွေစက္ကူအတုများကို သုံးစွဲသွားသူ သို့မဟုတ် ပြုလုပ်သူအား အာဏာပိုင်များက တရားဝင် ထုတ်ဖော်ပြောကြားခြင်း မရှိသေးဘဲ ဆက်လက် စုံစမ်းလျက် ရှိပါတယ်။
Source;Khaosod
