အိုနန်းရှိ ရတနာဆိုင်မှ ဆွဲကြိုး ၂ ကွင်းအား နိုင်ငံခြားသူ ခိုးယူသွားပုံ CCTV မမိ

ထိုင်းနိုင်ငံ၊ ကရာဘီ (Krabi) ခရိုင်၊ အိုနန်း (Ao Nang) ရှိ ရတနာဆိုင်တစ်ဆိုင်မှ စုစုပေါင်း ဘတ် ၁,၄၈၀ တန်ဖိုးရှိ ဆွဲကြိုး ၂ ကွင်းကို နိုင်ငံခြားသူ အမျိုးသမီးတစ်ဦးက ပိုက်ဆံမပေးဘဲ ခိုးယူသွားသည့် CCTV မှတ်တမ်းကို ဆိုင်ရှင်က လူမှုကွန်ရက်တွင် မျှဝေ၍ သတိပေးလိုက်ပါတယ်။

အပြာရောင် ဂါဝန်ရှည် ဝတ်ဆင်ထားသည့် အမျိုးသမီးသည် ဘတ် ၄၉၀ တန် ဆွဲကြိုးတစ်ကွင်းကို လက်အတွင်း သိုဝှက်ယူဆောင်ခဲ့ပြီးနောက်၊ အခြားတစ်နေရာသို့ ရွှေ့ပြောင်းကာ ဘတ် ၉၉၀ တန် ပုလဲဆွဲကြိုးတစ်ကွင်းကိုပါ ထပ်မံယူဆောင်၍ ဆိုင်အတွင်းမှ ထွက်ခွာသွားခဲ့သည်။

အဆိုပါ အမျိုးသမီးသည် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး ပါဝင်သော နိုင်ငံခြားသား ၄ ဦးအဖွဲ့မှ ဖြစ်ပြီး၊ အဖွဲ့ဝင်တစ်ဦးက ငွေကိုင်သူထံ ဝန်ထမ်းများ အာရုံလွှဲနေစဉ် ခိုးယူသွားခြင်းဖြစ်သည်ဟု ဆိုင်ရှင်က စွပ်စွဲထားသည်။

ဆိုင်ရှင်က ရဲစခန်းသို့ တိုင်ကြားထားခြင်း ရှိမရှိနှင့် ရဲတပ်ဖွဲ့မှ သံသယရှိသူများကို ဖမ်းဆီးနိုင်ခြင်း ရှိမရှိကိုမူ အတည်မပြုနိုင်သေးပေ။ အိုနန်းနှင့် လိုင်လေး ကမ်းခြေဝန်းကျင်တွင် ယခင်ကလည်း အလားတူ နိုင်ငံခြားသူများ ပစ္စည်းခိုးယူသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ဖူးပါတယ်။

Source;Thaiger