စပိန်တွင် အမြန်ရထား ၂ စီး တိုက်မိပြီး လူ ၆၈ ဦးထက်မနည်း သေဆုံး

စပိန်နိုင်ငံ၊ မက်ဒရစ်မြို့တောင်ဘက် Castilla-La Mancha ဒေသတွင် အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းက ရပ်တန့်ထားသော Iryo ကုမ္ပဏီပိုင် အမြန်ရထားအား Renfe ကုမ္ပဏီပိုင် အမြန်ရထားတစ်စီးက အနောက်မှ ဝင်ရောက်တိုက်မိခဲ့သဖြင့် အနည်းဆုံး လူ ၆၈ ဦး သေဆုံးပြီး ၈၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက အတည်ပြုလိုက်ပါတယ်။

ဒေသစံတော်ချိန် နံနက် ၉ နာရီခန့်တွင် ခရီးသည် ၁၄၇ ဦး လိုက်ပါလာသည့် ရပ်တန့်ထားသော Iryo ရထားအား ခရီးသည် ၃၉၇ ဦး လိုက်ပါလာသည့် Renfe ရထားက ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။

အနည်းဆုံး ၆၈ ဦး သေဆုံးခဲ့ပြီး၊ ဒဏ်ရာရရှိသူ ၈၀ ဦးအနက် ၁၅ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။ ရထားတွဲ ၃ တွဲခန့်မှာ တံတားပေါ်မှ အောက်သို့ ပြုတ်ကျပျက်စီးခဲ့သည်။

အမှောင်ထုကျရောက်ချိန်အထိ ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ခဲ့ပြီး ရထားတွဲ အပျက်အစီးများကို ဖယ်ရှားပါက သေဆုံးသူ အရေအတွက် ပိုမိုမြင့်တက်လာနိုင်သည်ဟု ယူဆထားကြသည်။

ရထားပို့ဆောင်ရေး ဝန်ကြီး ၎င်းင်း၏ ပြောကြားချက်အရ ကွန်ပျူတာ ဆက်သွယ်ရေးစနစ် ချို့ယွင်းမှုကြောင့် မီးနီပြကာ Traffic ခေတ္တရပ်တန့်ခဲ့သော်လည်း၊ နောက်မှလာသော Renfe ရထားအား ရှေ့တွင် ရထားရပ်ထားစဉ် မီးနီနေသော်လည်း ထွက်ခွာခွင့် မှားယွင်းစွာ ပေးခဲ့မိခြင်းကြောင့် တိုက်မိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုဖြစ်စဉ်သည် စပိန်နိုင်ငံ၌ ၂၀၂၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ဒုတိယမြောက် အမြန်ရထား မတော်တဆမှုဖြစ်ပြီး၊ လွန်ခဲ့သော ဇန်နဝါရီလကလည်း အလားတူ ရထားတိုက်မိမှုကြောင့် လူ ၄၆ ဦး သေဆုံးခဲ့ဖူးသည်။

ဝန်ကြီးချုပ် Pedro Sánchez က ဖြစ်စဉ်အား အပြည့်အဝ စုံစမ်းစစ်ဆေးသွားမည်ဟု ကတိပြုထားပြီး၊ အတိုက်အခံ ပါတီများကလည်း လာမည့် နိုဝင်ဘာ မဲဆွယ်ပွဲများကို ဖျက်သိမ်းကာ ဝမ်းနည်းကြောင်း ဖော်ပြထားကြပါတယ်။

Source;The Nation