ချင်းရိုင် မယ်ဖာလွမ်တွင် ကျောင်းအုပ်ကြီးအား မျက်နှာဖုံးစွပ် သေနတ်သမား ၂ ဦးက ဝင်ရောက်ပစ်သတ်

ထိုင်းနိုင်ငံ၊ ချင်းရိုင် (Chiang Rai) ခရိုင်၊ မယ်ဖာလွမ် (Mae Fah Luang) မြို့နယ်ရှိ ကျောင်းတစ်ကျောင်းတွင် မျက်နှာဖုံးစွပ်ထားသည့် အနိဌာရုံ သေနတ်သမား ၂ ဦးက အစည်းအဝေးခန်းမအတွင်း ဝင်ရောက်ကာ ကျောင်းအုပ်ကြီးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဆိုးရွားသော ဖြစ်စဉ်တစ်ခု အောက်တိုဘာ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

မယ်ဖာလွမ်မြို့နယ်၊ မယ်ဆလောင်းနိုင် (Mae Salong Nai) ရပ်ကွက်ရှိ Ban Huai Sing တရုတ်ကျောင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ အသက် ၄၉ နှစ်အရွယ် ကျောင်းအုပ်ကြီး Mr. Sirisit Ratiphatkul မှာ ၉ မီလီမီတာ သေနတ်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားရာ မနက် ၁၀ နာရီခန့်တွင် မျက်နှာဖုံးနှင့် ဦးထုတ်ဆောင်းထားသော မသိကျွမ်းသည့် အမျိုးသား ၂ ဦးသည် ကျောင်းအနီး၌ မိနစ် ၂၀ မှ ၃၀ ခန့် လှည့်ပတ်သွားလာနေခဲ့သည်ကို ဆောက်လုပ်ရေး လုပ်သားများက တွေ့ရှိခဲ့သော်လည်း အလုပ်လာလျှောက်သူများဟု ထင်မှတ်ခဲ့ကြသည်။

နံနက် ၁၁ နာရီခန့်တွင် သေနတ်သံ ၂ ချက် ထွက်ပေါ်လာခဲ့ပြီး ကျောင်းအုပ်ကြီးမှာ အစည်းအဝေးခန်းမ တံခါးဝတွင် သွေးအိုင်အတွင်း လဲကျနေသည်ကို တွေ့ရှိခဲ့ရသည်။ ၎င်းအား မယ်ဖာလွမ် ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ကုသခဲ့သော်လည်း ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံ၌ သေဆုံးသွားခဲ့ရသည်။

မျက်မြင်သက်သေများ၏ ထွက်ဆိုချက်အရ သေနတ်သမား ၂ ဦးသည် ပစ်ခတ်ပြီးနောက် ကျောင်း၏ အနောက်ဘက်မှတစ်ဆင့် လျင်မြန်စွာ ထွက်ပြေးသွားခဲ့ကြသည်။

ထို့အပြင် အခင်းဖြစ်ပွားချိန်အနီးတွင် ကျောင်းတံခါးဝအနီး မသင်္ကာဖွယ် အဝါနှင့် အပြာရောင် တက္ကစီတစ်စီး ရပ်တန့်ထားပြီး အမျိုးသားတစ်ဦး ဆင်း၍ ဖုန်းပြောနေသည်ကိုလည်း တွေ့ရှိခဲ့ရသည်။

လက်ရှိတွင် မယ်ဖာလွမ် ရဲစခန်းမှ ရဲမှူးကြီး Sorachai Kanjanarujiwat ဦးစီးသော မှုခင်းဆရာဝန်များနှင့် စုံစမ်းစစ်ဆေးရေး အဖွဲ့များက အခင်းဖြစ်ပွားရာ နေရာတွင် သက်သေခံ ပစ္စည်းများ စေျးစပ်စွာ ကောက်ယူထားပြီး၊ ပြစ်မှု ကျူးလွန်ရသည့် အဓိက အကြောင်းအရင်းနှင့် ထွက်ပြေးလွတ်မြောက်နေသော သေနတ်သမားများကို ဖမ်းဆီးနိုင်ရန် အရှိန်အဟုန်မြှင့် စုံစမ်းလျက် ရှိပါတယ်။

Source;Thairath