ထိုင်းနိုင်ငံ၊ တာ့ခ် (Tak) ခရိုင်၊ မြို့နယ်အတွင်းရှိ မြန်မာနယ်စပ် အနီးတွင် တရုတ်နိုင်ငံသား ၃ ဦးအား ပြန်ပေးဆွဲ၍ မြန်မာနိုင်ငံရှိ Call Center လိမ်လည်သည့် လုပ်ငန်းများသို့ ပို့ဆောင်ရန် ကြိုးပမ်းနေသည့် ထိုင်းနိုင်ငံသား ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးနိုင်ခဲ့ပြီး တရုတ်နိုင်ငံသားများကို ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။
တာ့ခ်-မဲဆောက် (Tak-Mae Sot) အဝေးသင် လမ်းမကြီးပေါ်ရှိ စစ်ဆေးရေးဂိတ်တွင် ရဲတပ်ဖွဲ့က ပုံမှန် စစ်ဆေးရန် တားဆီးစဉ် မော်တော်ယာဉ် မောင်းသူက ထွက်ပြေးခဲ့သဖြင့် နောက်မှ လိုက်လံ ဖမ်းဆီးခဲ့ရခြင်းဖြစ်သည်။
မော်တော်ယာဉ်ကို တားဆီး စစ်ဆေးနိုင်ခဲ့ချိန်တွင် ယာဉ်အတွင်း၌ ကြိုးတုပ်၊ မျက်စိစည်း၊ လက်ထိပ်ခတ် ခံထားရသည့် အမျိုးသား ၃ ဦးကို တွေ့ရှိခဲ့ရသည်။ ၎င်းတို့သည် ထိုင်းနိုင်ငံသို့ တရားဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများ ဖြစ်ပြီး ထိုင်းနိုင်ငံသားများ၏ ခြိမ်းခြောက် ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ကြသည်။
မော်တော်ယာဉ် မောင်းသူအပါအဝင် ထိုင်းနိုင်ငံသား ၄ ဦးအား ချက်ချင်း ဖမ်းဆီးခဲ့ပြီး ၎င်းတို့ထံမှ ထပ်မံ အသုံးပြုရန် ယူဆောင်လာသည့် လက်ထိပ် ၂ စုံ၊ တိပ်အလိပ်များ၊ နိုင်းလွန်ကြိုးနှင့် လျှပ်စစ်ရှော့ခ်တိုက် ကိရိယာ ၂ ခုတို့ကို သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိသူများ နှင့် ကယ်ထုတ်နိုင်ခဲ့သည့် တရုတ်နိုင်ငံသား ၃ ဦးလုံးကို အသေးစိတ် စစ်ဆေးမေးမြန်းရန် မဲဆောက် (Mae Sot) မြို့သို့ ခေါ်ဆောင်သွားခဲ့သည်။
ယခုဖြစ်စဉ်သည် နယ်စပ်ဖြတ်ကျော် လူကုန်ကူးသည့် ဂိုဏ်းတစ်ခု၏ လုပ်ရပ်ဖြစ်သည်ဟု သံသယရှိထားသဖြင့် ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယ ရဲချုပ် Pol. Gen. Tatchai Pitaneelaboot ကိုယ်တိုင် မဲဆောက်သို့ လေယာဉ်ဖြင့် လာရောက်၍ တရုတ်နိုင်ငံသားများကို မေးမြန်းစစ်ဆေးကာ သံသယရှိသူ ထိုင်းနိုင်ငံသား ၄ ဦးကို တိုက်ရိုက် စစ်ဆေးသွားမည် ဖြစ်ပါတယ်။
Source;ThaiPBS
