ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ပထုမ်ဝမ် (Pathumwan) မြို့နယ်၊ ရာမ ၄ လမ်းရှိ ပထန ဘုန်းခိုင် (Patthana Bon Kai) အသိုင်းအဝိုင်းအတွင်း သန်းခေါင်ယံအချိန်၌ မီးလောင်မှုဆိုးရွားစွာ ဖြစ်ပွားခဲ့ရာ နေအိမ်အများအပြား မီးစွဲလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု ၇၀ ခန့် ထိခိုက်ခံစားခဲ့ရကြောင်း သိရပါတယ်။
နိုဝင်ဘာ ၂ ရက်၊ နံနက် ၀၀:၄၇ နာရီခန့် (စံတော်ချိန်) တွင် Soi Plukjit 1,လုမ္ဗိနီ (Lumphini) ရပ်ကွက်ရှိ လူနေထူထပ်သော ဘုန်းခိုင်အသိုင်းအဝိုင်းအတွင်း မီးစတင်လောင်ကျွမ်းခဲ့သည်။
လမ်းကြိုလမ်းကြား ကျဉ်းမြောင်းပြီး လူနေထူထပ်သည့် နှစ်ထပ်သစ်သားအိမ်များ တစ်ဆက်တည်း တည်ရှိနေသဖြင့် မီးတောက်များ အလျင်အမြန် ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ မီးသတ်ကား ၅ စီး၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် Ruamkatanyu ဖောင်ဒေးရှင်းမှ စေတနာ့ဝန်ထမ်းများ ရောက်ရှိကာ ၁ နာရီကျော်ကြာ ရေဖျန်းငြှိမ်းသတ်ခဲ့ရသည်။
ကနဦး စာရင်းများအရ နေအိမ် ၁၅ လုံးထက်မနည်း လုံးဝ မီးလောင်ပျက်စီးခဲ့ပြီး၊ စုစုပေါင်း အိမ်ခြေ ၇၀ နီးပါး ထိခိုက်ပျက်စီးခဲ့သည်။ ကယ်ဆယ်ရေး ဆောင်ရွက်စဉ် စေတနာ့ဝန်ထမ်း ၂ ဦး (မီးခိုးမွန်းသူ ၁ ဦးနှင့် သွပ်ပြားရှတ်မိသူ ၁ ဦး) ဒဏ်ရာရရှိခဲ့သဖြင့် နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။
မီးလောင်မှုဖြစ်ပွားပြီးနောက် ပထုမ်ဝမ် မြို့နယ်ရုံးနှင့် ဘန်ကောက် မီးဘေးကာကွယ်ရေးနှင့် သဘာဝဘေးလျော့ပါးရေး ရုံးတို့ ပူးပေါင်းကာ Bon Kai Housing Community Public Pavilion နှင့် ပထုမ်ဝမ် မြို့နယ်ရုံး တို့တွင် ကူညီကယ်ဆယ်ရေး စက်စခန်းများနှင့် သတင်းပို့ စာရင်းသွင်းရန် စခန်းများ ချက်ချင်းဖွင့်လှစ်ပေးထားသည်။
လက်ရှိတွင် ရဲတပ်ဖွဲ့နှင့် မူခင်းဆရာဝန်/မှုခင်းစစ်ဆေးရေး အဖွဲ့များ ပူးပေါင်း၍ မီးစတင်လောင်ကျွမ်းရသည့် အဓိက အကြောင်းအရင်းကို အသေးစိတ် စုံစမ်းစစ်ဆေးလျက် ရှိပါတယ်။
Source;Thairath
