ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ (UN) ရုံးရှေ့တွင် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် သက်သေခံလက်မှတ် (CI) စခန်းများ ပိတ်သိမ်းပေးရန် တောင်းဆိုဆန္ဒပြပွဲ ပြုလုပ်စဉ် Bright Future ရွှေ့ပြောင်းလုပ်သားများအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ကိုဝီရ (Veera Saengthong) သည် ကိုယ်ထိလက်ရောက် ရန်ရှာ တိုက်ခိုက်ခံခဲ့ရပါတယ်။
Ratchadamnoen Nok Road ပေါ်ရှိ UN ရုံးရှေ့တွင် နိုဝင်ဘာ ၁ ရက် (တနင်္ဂနွေနေ့) နံနက်ပိုင်း၌ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
မြန်မာရွှေ့ပြောင်းလုပ်သားများထံမှ ငွေကြေး ကောက်ခံမှု ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည့် နိုင်ငံသား စိစစ်ရေးစခန်းများ (CI စခန်းများ) ကို ထိုင်းအစိုးရအနေဖြင့် ရုပ်သိမ်းပေးရန်နှင့် ပန်းရောင်ကတ် (Pink Card) တစ်ခုတည်းကိုသာ တရားဝင် အထောက်အထားအဖြစ် သတ်မှတ် ပေးရန် တောင်းဆိုခဲ့ကြသည်။
အဆိုပါ ရန်ရှာမှုအပေါ် ထိုင်း အတိုက်အခံ လွှတ်တော်အမတ် Sasinan က ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး နိုင်ငံရေး သဘောထားကွဲလွဲမှုများသည် အကြမ်းဖက်မှု ပြုလုပ်ရန် အကြောင်းပြချက် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသားဖြစ်စေ၊ ရွှေ့ပြောင်းလုပ်သားဖြစ်စေ ဥပဒေအောက်တွင် တန်းတူညီမျှ အကာအကွယ် ရရှိရမည်ဖြစ်ရာ ရဲတပ်ဖွဲ့အနေဖြင့် အခင်းဖြစ်ပွားရာမှ လူစုခွဲပေးရုံမျှ မဟုတ်ဘဲ ကျူးလွန်သူများကို လူမျိုးရေး ခွဲခြားမှုမရှိဘဲ တရားဥပဒေအတိုင်း ထိရောက်စွာ စုံစမ်းအရေးယူပေးရန် တောင်းဆိုထားပါတယ်။
Source;Khaosod
