ထိုင်းနိုင်ငံ၊ Ubon Ratchathani ခရိုင်၊ မောင်းအုဘွန်ရတ်ချာသာနီ မြို့နယ်၊ ကုတ်လတ် ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းတွင် သံဃာ့ကိစ္စများ မဆောင်ရွက်ဘဲ ကျောင်းထိုင်ကုဋိအတွင်း ဒေသခံ လူငယ်များနှင့်အတူ ယာဘ (Yaba) မူးယစ်ဆေးဝါး သုံးစွဲကာ ဝက်သားကင် (Mu Kratha) စားသောက် မွှေနှောက်နေသည့် အသက် ၂၅ နှစ်အရွယ် ရဟန်းတစ်ပါးအား အဝေးသင် ရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိပါတယ်။
အဆိုပါ ရဟန်းသည် ဘုရားဒါယကာ ပြည်သူများ လှူဒါန်းထားသည့် နဝကမ္မ ဝတ္ထုငွေကြေးများကို ယာဘ မူးယစ်ဆေးဝါး ဝယ်ယူရန် အသုံးပြုခဲ့ပြီး၊ ညနေနှင့် ညဉ့်နက်ပိုင်းများတွင် လူငယ်များကို ခေါ်ယူကာ ကုဋိအတွင်း ဝက်သားကင် စားသောက်၍ မူးယစ်ဆေးဝါး အတူတကွ သုံးစွဲနေသဖြင့် နံနက်ပိုင်း သံဃာ့ကိစ္စများနှင့် ဆွမ်းခံကြွခြင်းများ မလုပ်ဆောင်နိုင်ခဲ့ပေ။ ယင်းအပြုအမူများကြောင့် စိတ်ပျက်ရအခက်တွေ့နေရသည့် ဒါယကာ ပြည်သူများ၏ တိုင်ကြားချက်အရ အဝေးသင် ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့၏ စိစစ်ချက်အရ အဆိုပါ ရဟန်းတွင် ယခင် မူးယစ်ဆေးဝါး သုံးစွဲမှုဖြင့် ထုတ်ပြန်ထားသည့် တရားရုံး ဖမ်းဝရမ်းတစ်စောင် ပါရှိနေသည်ကို တွေ့ရှိခဲ့ရသည်။
ကျောင်းထိုင်ဆရာတော်နှင့် ဒေသခံများကို သက်သေအဖြစ် ခေါ်ယူကာ ကုဋိအတွင်း ဝင်ရောက်ရှာဖွေရာ သပိတ် ဘေးတွင် ဝက်သားကင် စားသည့် မီးဖို၊ မဆေးကြောရသေးသည့် ပန်းကန်ခွက်ယောက်များနှင့် အိပ်ရာပေါ်တွင် မူးယစ်ဆေးဝါး သုံးစွဲသည့် ကိရိယာများနှင့် မီးခြစ်များကို တွေ့ရှိခဲ့သည်။ ဆီးစစ်ဆေးချက်အရလည်း အမ်ဖက်တာမင်း (Amphetamine) မူးယစ်ဆေးဓာတ် ပေါ်ထွက်ခဲ့သည်။
ပြစ်မှုကျူးလွန်သူသည် ယခင် ဖမ်းဝရမ်းမှ ထွက်ပြေးလွတ်မြောက်ရန် ဘုန်းကြီးဝတ်ခဲ့သည်မှာ ၁ နှစ်ခန့် ရှိပြီဖြစ်ကြောင်းနှင့် ဒါယကာများ လှူဒါန်းသည့် ငွေကြေးဖြင့် ယာဘ ဝယ်ယူကာ သူငယ်ချင်း လူငယ်များနှင့် ကုဋိအတွင်း မကြာခဏ သုံးစွဲခဲ့ကြောင်း ဝန်ခံထုခဲ့သည်။
တာဝန်ရှိသူများက အဆိုပါ ရဟန်းအား သင်္ကန်းဆီးမှ လူဝတ်လဲ (သိက္ခာချ) စေခဲ့ပြီးနောက် “မူးယစ်ဆေးဝါး သုံးစွဲမှု” ပုဒ်မ၊ ယခင် ဖမ်းဝရမ်း ပုဒ်မတို့ဖြင့် အုဘွန်ရတ်ချာသာနီ ခရိုင်တရားရုံးသို့ ပို့ဆောင်ကာ ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်လျက် ရှိပါတယ်။
Source;ตำรวจทางหลวง
