ဆမုဆောင်ခရမ်၌ နေအိမ်ဝင်းအတွင်း ဝင်ရောက်၍ အမျိုးသမီး အတွင်းခံများ ခိုးယူသည့် မျက်နှာဖုံးစွပ် သူခိုးအား ရဲတပ်ဖွဲ့ စုံစမ်းနေ

ထိုင်းနိုင်ငံ၊ ဆမုဆောင်ခရမ် (Samut Songkhram) ခရိုင်၊ လတ်ယိုင် (Lat Yai) ရပ်ကွက်ရှိ နေအိမ်တစ်အိမ်အတွင်းသို့ နိုဝင်ဘာ ၈ ရက် နံနက် ၄:၀၇ နာရီခန့်တွင် မျက်နှာဖုံးစွပ် သူခိုးတစ်ဦး ခြံစည်းရိုးတံတိုင်းကျော်ဝင်ကာ အဝတ်တန်းတွင် လှန်းထားသည့် အမျိုးသမီး အတွင်းခံ ၁၀ ထည်အား ခိုးယူသွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

အနက်ရောင် အင်္ကျီနှင့် မျက်နှာဖုံးစွပ်ထားသည့် အမျိုးသားသည် ကားဂိုဒေါင်အောက်ရှိ အတွင်းခံများကို ခိုးယူကာ အင်္ကျီအတွင်း ထည့်၍ ထွက်ပြေးသွားခဲ့သည်။ အိမ်ရှင်ဖြစ်သူ အသက် ၄၄ နှစ်အရွယ် အမျိုးသမီးက CCTV ပြန်လည်ကြည့်ရှုရာမှ သိရှိခဲ့ရပြီး နေအိမ်ဘေးခြံအတွင်း သူခိုးထွက်ပြေးစဉ် ကျန်ရစ်ခဲ့သည့် အနက်ရောင် အတွင်းခံ ၁ ထည်နှင့် ခြေရာများကို ပြန်လည်တွေ့ရှိခဲ့သည်။

CCTV မှတ်တမ်းတွင် သူခိုး၏လက်၌ ဓား သို့မဟုတ် လက်နက်ပါလာပုံရ၍ ပိုမိုပြင်းထန်သည့် မှုခင်းများ ဖြစ်လာမည်ကို အိမ်ရှင်အမျိုးသမီးက စိုးရိမ်နေသည်။ရဲစခန်းသို့ သွားရောက်တိုင်ကြားထားရာ ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာကို စစ်ဆေးပြီး တရားခံအား အမြန်ဆုံး စုံစမ်းဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက် ရှိပါတယ်။

Source;Khaosod